နယူးယောက် အခြေစိုက် အနုပညာ ပစ္စည်း စုဆောင်းသူ Todd Kramer ဟာ ဒေါ်လာ ၂.၂ သန်းကျော်တန် NFT တွေ ခိုးယူခံလိုက်ရတယ်လို့ တွစ်တာမှာ ပို့စ်တွေတင်ထားပါတယ်။ Ross+Kramer Gallery ပိုင်ရှင် Kramer ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့ အစောပိုင်းမှာ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံခဲ့ပါတယ်။ သူက “ ကျွန်တော် Hack ခံလိုက်ရပါပြီ။ ကျွန်တော့်ရဲ့ Ape (NFT) အားလုံး ဆုံးရှုံးသွားပြီ ဖြစ်ပြီး ဒီညဟာ ကျွန်တော့် ဘဝရဲ့ အဆိုးဆုံးညပါ။ “ လို့ ရေးသားထားပါတယ်။

Why Bored Ape Avatars Are Taking Over Twitter | The New Yorker

သူ့ Wallet ကနေ ပျောက်သွားတဲ့ NFT ၁၅ ခုဟာ တန်ဖိုးကြီး Bored Ape Yacht Club နဲ့ Mutant Ape Yacht Club Collection တွေက ဖြစ်ပြီး Phishing Scam နည်းလမ်းနဲ့ခိုးယူခံလိုက်ရတာလို့ ထင်ရပါတယ်။ OpenSea NFT ဈေးကွက်ဟာ အဲဒီ NFT တွေကို အရောင်းအဝယ် ပြုလုပ်တာကို နောက်ပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။

The insane Bored Ape Yacht Club NFT collection, explained - CNET

တွစ်တာ လူထုဟာ Kramer ရဲ့ အကူအညီ တောင်းခံမှုကို လျှင်မြန်စွာ တုန့်ပြန်ပေးခဲ့ပြီး Retweet ပေါင်း ၅၀၀ ကျော် ရရှိခဲ့ပါတယ်။ User တချို့က အဲဒီ Token တွေကို ပြန်လည် ရောင်းချတဲ့ လူတွေကို ခြေရာခံနိုင်အောင် အကူအညီပေးခဲ့ပြီး တချို့ကတော့ Kramer ရဲ့ ဆုံးရှုံးမှုကို Meme တွေနဲ့ လှောင်ပြောင်ခဲ့ကြပါတယ်။

NFT တွေ ခိုးယူခံရတဲ့ဖြစ်ရပ်တွေ အရင်ကလည်း ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဒေါ်လာ ၂.၇ သန်းတန် Evil Ape Series တွေ ပျောက်သွားပြီး အဲဒီ ဖြစ်ရပ် အပြီး ၁ လအကြာမှာ စုဆောင်းသူ ၁ ယောက်ရဲ့ Bored Ape Token ၃ ခု ခိုးယူခံလိုက်ရပါတယ်။

Ref : theartnewspaper