ကုမ္ပဏီတွေဟာ ရေရှည်တည်တန့်နိုင်တဲ့ စွမ်းအင်တွေကို ဖန်တီး အသုံးပြုဖို့ လိုအပ်လာကြပါပြီ။ Chip နယ်ပယ်မှာ နှစ်ပေါင်း ၅၀ ကြာ ရပ်တည်နေတဲ့ IBM ကလည်း အဲဒီ နည်းပညာတွေကို ဖန်တီးနေပါတယ်။ IBM ရဲ့ ဒုတိယ ဥက္ကဌ Dr. Xie Dong က ကုမ္ပဏီရဲ့ 2nm Chip ဟာ စမတ်ဖုန်း ၁ လုံးကို ၄ ရက် ၁ ကြိမ်ပဲ အားသွင်းဖို့လိုတယ်လို့ MEET2022 Smart Future Conference မှာ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးနေတဲ့ ပြဿနာတွေကြောင့် ရေရှည်တည်တန့်နိုင်တဲ့ စွမ်းအင်တွေ လိုအပ်လာကြပါပြီ။ အထူးသဖြင့် နည်းပညာ ကုမ္ပဏီတွေဟာ ရေရှည်တည်တန့်နိုင်တဲ့ စွမ်းအင်တွေကို တီထွင်ဖန်တီးဖို့ အရေးကြီးလာနေပါပြီ။

chip shortage

ရေရှည်တည်တန့်နိုင်တဲ့ စွမ်းအင် ရရှိဖို့ဆိုတာ လူသားအားလုံးရဲ့ တာဝန်ဝတ္တရားလို့တောင် ဆိုလာကြပါတယ်။ IBM က အဲဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီ တီထွင်နေတဲ့ Chip နည်းပညာအကြောင်းကို ပြောပြပါတယ်။ IBM က ပြောင်းလဲလာတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေအပေါ်  မူတည်ကာ 2nm Chip ကို ဖန်တီးထားတာ ဖြစ်ပြီး အဲဒီ Chip ဟာ စမတ်ဖုန်းတွေ အားသွင်းရတဲ့ အကြိမ် အရေအတွက်ကို လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။

စမတ်ဖုန်း အများစုဟာ ၁ ရက်ကို ၁ ကြိမ်လောက် အနည်းဆုံး အားသွင်းရပြီး အလွန်အကျွံ အသုံးပြုတဲ့ တချို့ စမတ်ဖုန်းတွေဆိုရင် ၁ ရက်ကို ၂ ကြိမ်၊ ၃ ကြိမ်တောင် အားသွင်းရပါတယ်။ IBM ရဲ့ 2nm Chip ထွက်လာရင်တော့ စမတ်ဖုန်းတွေကို ၄ ရက် ၁ကြိမ်ပဲ အားသွင်းဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။

Ref : gizchina