နောက်ထွက်မယ့် Samsung Galaxy S22 Ultra ရဲ့ ကင်မရာနဲ့ ပတ်သက်တဲ့ သတင်းမျိုးစုံထွက်နေပါတယ်။ တချို့က အဲဒီဖုန်းမှာ S21 Ultra ရဲ့ ကင်မရာတွေကိုပဲ ပြန်သုံးထားမယ်လို့ဆိုပြီး တချို့က Samsung ရဲ့ 200MP ကင်မရာ အသစ် သုံးထားမယ်လို့ ပြောနေကြပြန်ပါတယ်။ အခုတော့ Leakster Ice Universe က ပထမ သတင်းဘက်ကနေ ရပ်တည်လိုက်ပါတယ်။ ဒါပေမယ့် ပိုကောင်းတဲ့ Telephoto ကင်မရာတွေ ထည့်သွင်းထားမယ်လို့ သူက ပြောပါတယ်။

The camera setup of the current Samsung Galaxy S21 Ultra

သူက S22 Ultra မှာ Variable Focal Length ထောက်ပံ့တဲ့ Zoom Lenses ၂ ခု တပ်ဆင်ထားမယ်လို့ သတင်းပေးလိုက်ပြီး ပထမ ၁ ခုက 3x နဲ့ ဒုတိယ ၁ ခုက 10x Zoom တွေ ဖြစ်ပါတယ်။ Magnification Number တွေကတော့ လက်ရှိ Ultra နဲ့ တူညီပေမယ့် Zoom စွမ်းရည်ပိုကောင်းသွားမယ်လို့ သိရပါတယ်။

Samsung Galaxy S22 Ultra laat grote feature links liggen (maar!)

S22 Ultra မှာ 12MP ကင်မရာ ၂ လုံး ပါလာနိုင်ပြီး ၂ လုံးစလုံးမှာ Optical Image Stabilization (OIS) ထောက်ပံ့ထားမယ်လို့ Ice Universe က ပြောပါတယ်။ ပင်မကင်မရာ အနေနဲ့ 108MP ကို သုံးထားမှာ ဖြစ်ပြီး လက်ရှိ Ultra ရဲ့ HM3 Sensor လား၊ မျိုးဆက်သစ် Sensor လားဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် OIS ပိုကောင်းလာမယ်လို့ သိရပါတယ်။

Ultrawide ကင်မရာအနေနဲ့ 12MP ကိုပဲ ပြန်သုံးထားမှာ ဖြစ်ပေမယ့် OIS ပါလာနိုင်ပါတယ်။ Ultrawide ကင်မရာမှာ Electronic Stabilization နဲ့ လုံလောက်ပေမယ့် OIS ပါလာရင် စွမ်းရည်အသစ်တွေ ထောက်ပံ့နိုင်ပါတယ်။ နောက်ဆုံး အနေနဲ့ ဆဲလ်ဖီး ကင်မရာအကြောင်းပြောရရင် လက်ရှိ Ultra မှာလို 40MP Sensor ကို သုံးထားနိုင်ပါတယ်။ မျက်နှာပြင်အောက် ကင်မရာ နည်းပညာတော့ မပါလာနိုင်သေးပါဘူး။

Samsung Galaxy S22 Series ကို ၂၀၂၂ ဇန်နဝါရီလမှာ ကြေညာနိုင်ပြီး ဒီကြားထဲမှာ သတင်းအချက်အလက်တွေ ဆက်လက်ထွက်ပေါ်နေဦးမှာပါ။

Ref : gsmarena