တစ်ကမ္ဘာလုံးရဲ့ Wearable ရောင်းအားဟာ ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ တက်လာခဲ့ပေမယ့် IDC ရဲ့ စစ်တမ်းအရ တရုတ် ဈေးကွက်ဟာ အရင်နှစ် ကွာတား ၁ ထက် ၁၁ ရာခိုင်နှုန်း နည်းသွားတယ်လို့သိရပါတယ်။ တရုတ်မှာ ကွာတား ၁ အတွင်း အလုံးရေ ၁၇.၆ သန်း ရောင်းချခဲ့ရပြီး Huawei ဟာ အလုံးရေ ၄.၂၈ သန်းနဲ့ Xiaomi ထက် သာနေပါတယ်။

Xiaomi ဟာ ရောင်းအား ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုံးရေ ၄.၁၄ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Apple က နံပါတ် ၃ နေရာမှာ ၂.၈၄ သန်း ရောင်းချထားနိုင်ခဲ့ပြီး တရုတ် ကုမ္ပဏီ LifeSense ဟာ ရောင်းအား ၇၃ ရာခိုင်နှုန်း တက်လာပါတယ်။ BBK Electronics ၀.၇၆ သန်းရောင်းချထားပြီး ၄၇ ရာခိုင်နှုန်း တက်လာပါတယ်။

စမတ်နာရီ အပိုင်းကို လေ့လာကြည့်ရင် Huawei ဟာ ၁.၀၄ သန်းနဲ့ နံပါတ် ၁ နေရာကို ထပ်မံ သိမ်းပိုက်နိုင်ပြီး အရင်နှစ် ကွာတား ၁ ကထက် ရောင်းအား ၁၁၁.၉ ရာခိုင်နှုန်း တက်လာပါတယ်။ Apple က နံပါတ် ၂ နေရာမှာ ၀.၃၁၉ သန်း၊ Xiaomi က နံပါတ် ၃ နေရာမှာ ၀.၁၂၈ သန်းနဲ့ ရပ်တည်နေပါတယ်။ Garmin နဲ့ Huami ဟာ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခု စာရင်းထဲ ပါဝင်နိုင်ခဲ့ပါတယ်။ စမတ်နာရီ ဈေးကွက်ကတော့ အရင်နှစ်ကထက် ၈.၄ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။

Ref : gsmarena