ပြီးခဲ့တဲ့ရက်သတ္တပတ်နောက်ဆုံးရက်မှာ Apple ရဲ့ CEO Tim Cook က လွန်ခဲ့တဲ့သုံးလပတ်ဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း iPad တွေအတွက် အအောင်မြင်ဆုံး သုံးလပတ်အတွေ့အကြုံဖြစ်ခဲ့ကြောင်းကို ပြောဆိုခဲ့ပါတယ်။

IDC ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ကမ္ဘာလုံးဆိုင်ရာ တက်ဘလက်တင်ပို့ရောင်းချမှုကိန်းဂဏန်းတွေအရ Apple ဟာ ဦးဆောင်သူနေရာမှာ ရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။ IDC က Apple ဟာ ဒုတိယသုံးလပတ်မှာ iPad အလုံးရေ ခန့်မှန်းခြေ ၁၂.၉ သန်း ဝန်းကျင်တင်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ iPad Air ကို ပြန်ပြီးဆန်းသစ်ခဲ့သလို၊ ဒီနှစ်အစောပိုင်းမှာလည်း iPad Pro ကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။ အမေရိကန် ကုန်မ္ပဏီကြီးရဲ့ နောက်ထပ်အဆင့်မြှင့်တင်မှုဟာ iPad Mini ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Apple ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ Samsung ကတော့ တင်ပို့ရောင်းချမှု ၈ သန်းကျော်ရှိနေပါတယ်။ Galaxy Tab S7 တက်ဘလက်တွေဟာ စိတ်ကျေနပ်စရာ Hardware ပိုင်းနဲ့ Punchy OLED screen တွေကို ယူဆောင်လာပါတယ်။ ဒါပေမဲ့ Android ရဲ့ Apps ရွေးချယ်မှုအပိုင်းမှာ တက်ဘလက်တွေဟာ အနည်းငယ်ကန့်သတ်ချက်ရှိနေတယ်လို့ ဆိုရပါလိမ့်မယ်။

Chromebook တွေနဲ့ Chrome OS တက်ဘလက်တွေထုတ်လုပ်နေတဲ့ Lenovo ကတော့ အလုံးရေ ၄.၇ သန်း တင်ပို့ရောင်းချပြီး တတိနေရာမှာရှိနေသလို၊ Amazon ကလည်း Fire တက်ဘလက် အလုံးရေ ၄.၃ သန်း တင်ပို့ရောင်းချပြီး စတုတ္ထနေရာမှာ ရှိနေတာကို တွေ့ရပါတယ်။

တက်ဘက်လက်တွေ ရောင်းအားတက်လာသလို၊ Chrome book တွေ၊ PC တွေလည်း ရောင်းအားတက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ COVID-19 ကပ်ရောဂါကြောင့် နေအိမ်ကနေ အလုပ်လုပ်ကြ၊ ပညာသင်ယူကြရတဲ့ အကြောင်းရင်းကလည်း ပါဝင်နေပါတယ်။ အကယ်၍ လူအများစုကသာ အလုပ်ခွင်၊ စာသင်ခန်းတွေဆီပြန်လာမယ်ဆိုရင် ဒီ Device တွေရဲ့ရောင်းအားကလည်း ကျဆင်းလာမှာဖြစ်တယ်လို့ IDC က ဆိုပါတယ်။

Ref: The Verge