၂၀၁၉ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ တက်ဘလက် ရောင်းအး နည်းနည်း တက်ခဲ့ပေမယ့် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ပြန်ကျသွားပါတယ်။ IDC ရဲ့ စစ်တမ်းအရ ကွာတား ၄ အတွင်းမှာ တက်ဘလက် ရောင်းအားဟာ  အရင်နှစ်ကထက် ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုံးရေ ၄၃.၅ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။

Apple က တက်ဘလက် ဈေးကွက်မှာ ပန်းပန်နေဆဲဖြစ်ပြီး ကွာတား ၄ မှာ အလုံးရေ ၁၅.၉ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Samsung က ၇ သန်းနဲ့ နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပြီး Huawei က ၄ သန်းနဲ့ နံပါတ် ၃ နေရာရထားပါတယ်။ Amazon က ၂၀၁၈ ခုနှစ် ကွာတား ၄ ထက် ရောင်းအား ၂၉ ရာခိုင်နှုန်း ကျသွားပြီး အလုံးရေ ၃.၃ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။ Lenovo က ၂.၅ သန်းနဲ့ နံပါတ် ၅ နေရာရသွားပါတယ်။

၂၀၁၉ ခုနှစ်မှာ တက်ဘလက် အလုံးရေ စုစုပေါင်း ၁၄၄.၁ သန်း ရောင်းချခဲ့ပြီး အရင်နှစ်ကထက် ၁.၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ Apple က ၁ နှစ်လုံးမှာ အလုံးရေ ၄၉.၉ သန်းရောင်းချထားနိုင်ပြီး ဒုတိယနေရာက Samsung ရဲ့ ၂၁.၇ သန်းထက် ၂ ဆကျော် ပိုများနေပါတယ်။

Huawei က ၁၄.၁ သန်း၊ Amazon က ၁၃ သန်းနဲ့ Lenovo က ၈.၅ သန်း ရောင်းချထားနိုင်ခဲ့ပါတယ်။ Apple ဟာ ၂၀၁၈ ခုနှစ်ကထက် ရောင်းအား ၁၅.၂ ရာခိုင်နှုန်းနဲ့ Amazon က ၉.၉ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၁၉ ခုနှစ်မှာ ရောင်းအား တက်လာတဲ့ ၂ ခုထဲသော ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

Ref : gsmarena