Motorola က ၂၀၂၁ ခုနှစ် အစမှာပဲ G Series ဖုန်း အသစ်တွေကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ Moto G Power (2021) ဖုန်းဟာ နိုဝင်ဘာလက ပေါက်ကြားခဲ့တဲ့ Moto G10 Play ရဲ့ ဗားရှင်း ၁ မျိုး ဖြစ်ပြီး အမေရိကန်အတွက် မော်ဒယ်နံပါတ်က XT-2117 ဖြစ်ပါတယ်။

နိုဝင်ဘာလက ကြေညာခဲ့တဲ့ Moto G9 Power ရဲ့ Lite ဗားရှင်းလို့လည်း ပြောနိုင်ပါတယ်။ Moto G Power (2021) မှာ တူညီတဲ့ Snapdragon 662 Chipset ကို သုံးထားမှာ ဖြစ်ပေမယ့် မန်မိုရီ  နည်းသွားမှာပါ။ 3/32GB နဲ့ 4/64GB ဗားရှင်း ၂ မျိုး ထွက်လာနိုင်ပါတယ်။ ပင်မ ကင်မရာကို 64MP ကနေ 48MP ကို လျှော့ချထားမှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာကိုလည်း 8MP ပဲ သုံးထားမှာဖြစ်ကာ အနောက်ဘက်က 2MP ကင်မရာ ၂ လုံးကတော့ မပြောင်းလဲပါဘူး။

ဘက်ထရီကိုလည်း 4,850mAh ပဲ သုံးထားမှာ ဖြစ်ပြီး G9 Power ရဲ့ 6,000mAh ထက် တော်တော် နည်းသွားမှာပါ။  Moto G Power (2021) ကို မကြာခင် ကြေညာနိုင်ပြီး အပြာ၊ အညိုနဲ့ ငွေရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

နောက် ၁ လုံးက Moto G Play (2021) ဖြစ်ပြီး Moto E7 Play ကို Specs လျှော့ချထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။ တူညီတဲ့ Snapdragon 460 Chipset သုံးထားပေမယ့် 3/32GB ၁ မျိုးပဲ ထုတ်လုပ်ထားမှာပါ။ တူညီတဲ့ 5,000mAh ဘက်ထရီကို သုံးထားမှာပါ။

48MP ပင်မ ကင်မရာကို 13MP နဲ့ အစားထိုးထားမှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာကလည်း 8MP ကနေ 5MP ဖြစ်သွားမှာပါ။ 2MP Depth အစား Macro ကင်မရာ ထည့်သွင်းထားမှာ ဖြစ်ပြီး မော်ဒယ်နံပါတ်က XT-2093 နဲ့ လျှို့ဝှက်နာမည်က “Guam” ဖြစ်ပါတယ်။

Ref : gsmarena