၂၀၂၁ ခုနှစ်မှာ အသက် ၃၇ နှစ်အရွယ် Chris Pelkey ဟာ အရီဇိုးနား ပြည်နယ်၊ ချန်ဒလာမှာ ယာဉ်မတော်တဆမှုနဲ့ ‌ေ-သဆုံးခဲ့ပါတယ်။ ဒီလ အစောပိုင်းမှာ AI နည်းပညာ အကူအညီနဲ့ Pelkey ဟာ တရားရုံးကိုရောက်လာခဲ့ပြီး တရားခံကို အမိန့်ချမှတ်တဲ့အခါမှာ ထွက်ဆိုချက်တွေ ပေးခဲ့ပါတယ်။

Man shot dead in road rage incident delivers message to killer in court  four years later - Crime - Tyla

သူ့ရဲ့ မိသားစုဟာ AI နဲ့အတူ Voice Recordings , Photos, Videos တွေကို အသုံးပြုကာ Pelkey ရဲ့ AI Video ကို ဖန်တီးခဲ့တာ ဖြစ်ပြီး တရားခံမှာ အပြစ်ရှိကြောင်းကို ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

He was killed in a road rage shooting. AI allowed him to deliver his own  victim impact statement - NewsBreak

AI Video မှာ Pelkey ဟာ မုတ်ဆိတ်မွှေးတွေ ပေါက်နေတဲ့ အမေရိကန် စစ်သား တစ်ယောက်ပုံစံဖြစ်ပြီး အစိမ်းရောင် Hoodie နဲ့ အညိုရောင် ဘေ့စ်ဘော ဦးထုပ်ဆောင်းထားပါတယ်။ တရားသူကြီး Todd Lang က တရားခံကို ထောင် ၁၀ နှစ်ခွဲ ချလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ ဝေဖန်ငြင်းခုန်မှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး ပညာရှင် တချို့က AI ဟာ အမြဲတမ်း တရားလို ဘက်ကနေ ကိုယ်စား မပြုနိုင်ဘူးလို့ ပြောပါတယ်။

Ref : Technology Innovation