Cleveland Clinic က ခွဲစိတ်ဆရာဝန်တွေဟာ ရင်ဘတ်ကို လုံးဝဖွင့်စရာမလိုဘဲ လည်ပင်းကနေ သေးငယ်တဲ့ ခွဲကြောင်းတစ်ခုကတစ်ဆင့် နှလုံးအဆို့ရှင်ကို အောင်မြင်စွာ လဲလှယ်နိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ဆေးပညာလောကမှာ ပထမဆုံး ဖြစ်လာပါတယ်။
Dr. Marijan Koprivanac ဦးဆောင်တဲ့ အဖွဲ့ဟာ စက်ရုပ်ကိရိယာတွေကို အသုံးပြုပြီး လူနာလေးဦးကို လည်ပင်းကတစ်ဆင့် နှလုံးရဲ့ အဓိကသွေးလွှတ်ကြောမကြီးအဆို့ရှင် လဲလှယ်ခွဲစိတ်မှု (transcervical aortic valve replacement) ကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
လူနာအားလုံးဟာ နာကျင်မှု အနည်းငယ်ပဲခံစားရပြီး အလွန်လျင်မြန်စွာ ပြန်လည်သက်သာလာခဲ့ကြပါတယ်။ လူနာတစ်ယောက်ဆိုရင် ခွဲစိတ်ပြီး တစ်ပတ်အတွင်းမှာပဲ ပြေးလွှားနိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒီနည်းစနစ်ဟာ ခွဲစိတ်ရာလေးခုကိုပဲ အသုံးပြုတဲ့အတွက် ပြန်လည်သက်သာချိန် ပိုမြန်ပြီး အန္တရာယ်ဖြစ်နိုင်ခြေနည်းကာ ပိုမိုတိကျမှုရှိတဲ့ အားသာချက်တွေ ရှိပါတယ်။
ခွဲစိတ်ဆရာဝန်အဖွဲ့က အခုအခါမှာတော့ ခွဲစိတ်မှုကြာချိန်ကို လျှော့ချဖို့နဲ့ ဒီခွဲစိတ်ကုသမှုနည်းလမ်းကို တခြားဆေးရုံတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။
Ref : Fossbytes