တရုတ်နိုင်ငံတောင်ပိုင်းက မဟာမြို့ကြီးဖြစ်တဲ့ ရှန်ကျန်းမြို့ရဲ့ မြေအောက်ရထားတွေပေါ်မှာ တနင်္လာနေ့က ထူးထူးခြားခြား ခရီးသည်အသစ်တစ်စုကို ကြိုဆိုခဲ့ရပါတယ်။ မြို့တော်အာဏာပိုင်တွေက မြေအောက်ရထားဘူတာစနစ်တစ်လျှောက်မှာရှိတဲ့ convenience store တွေအတွက် ပစ္စည်းပြန်ဖြည့်တင်းပေးဖို့ delivery robot အုပ်စုတစ်စုကို စေလွှတ်လိုက်လို့ပဲ ဖြစ်ပါတယ်။

In China, delivery robots now ride the subway to restock 7-Eleven stores |  South China Morning Post

အရပ်ပုပု delivery robot ဒါဇင်နဲ့ချီပြီး အခုဆိုရင် လူမစည်တဲ့အချိန်တွေမှာ မြေအောက်ရထားကွန်ရက်တစ်လျှောက် ရထားစီးပြီး 7-Eleven ဆိုင်ရှိတဲ့ ဘူတာတိုင်းမှာဆင်းကာ ပစ္စည်းပို့ဆောင်မှုတွေ စတင်လုပ်ဆောင်နေပြီလို့ ဒေသခံသတင်းဌာန SZNews ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

In China, delivery robots now ride the subway to restock 7-Eleven stores |  South China Morning Post

အဲဒီစီမံကိန်းဟာ ကမ္ဘာမှာ ပထမဆုံးအမျိုးအစားဖြစ်ပြီး စက်ရုံတွေကနေ မြို့ပြဘဝရဲ့ တခြားနေရာတွေအထိ robot အသုံးပြုမှုကို တိုးချဲ့ဖို့ ရှန်ကျန်းမြို့ရဲ့ ကြိုးပမ်းမှုမှာ နောက်ဆုံးခြေလှမ်းတစ်ခု ဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

တစ်မီတာလောက်မြင့်တဲ့ အဲဒီ robot တွေကို ရှန်ကျန်းမြေအောက်ရထားက တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်တဲ့ တရုတ်အိမ်ခြံမြေလုပ်ငန်းကြီး Vanke ရဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းခွဲတစ်ခုက လုပ်ကိုင်တာ ဖြစ်ပါတယ်။ အဲဒီ robot တွေဟာ ဓာတ်လှေကားတွေကို အလိုအလျောက်စီးနိုင်တယ်၊ ဘူတာစင်္ကြန်တွေကနေ အဝင်အထွက်လုပ်နိုင်တယ်၊ ရထားပေါ်တက်နိုင်တယ်၊ ပြီးတော့ မြို့အနှံ့က 7-Eleven ဆိုင်တွေဆီကို ပစ္စည်းပို့ဆောင်ပေးနိုင်စွမ်း ရှိတယ်လို့ SZNews က ဖော်ပြထားပါတယ်။

အဲဒီ robot ၄၁ ကောင်ဟာ အလုပ်စဆင်းတဲ့ ပထမဆုံးနေ့မှာပဲ အတော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တယ်လို့ ဆိုပါတယ်။ ရထားတွဲတွေထဲမှာ တန်းစီနေတဲ့ သူတို့ကို ခရီးသည်တွေက ဝိုင်းအုံပြီး ဓာတ်ပုံရိုက်ခဲ့ကြလို့ပါ။ ဒါပေမယ့် ဒီစီမံကိန်းက လူစိတ်ဝင်စားအောင်လုပ်တဲ့ ပြကွက်သက်သက်မဟုတ်ပါဘူး။ ရှန်ကျန်းမြေအောက်ရထားဘူတာတွေထဲက လက်လီဆိုင်တွေ ရင်ဆိုင်နေရတဲ့ နှစ်ရှည်လများ ထောက်ပံ့ပို့ဆောင်ရေးပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ပါတယ်။

“အရင်တုန်းကဆို ပစ္စည်းပို့တဲ့ဝန်ထံမ်းတွေက မြေပေါ်မှာ ကားရပ်၊ ပစ္စည်းချပြီး မြေအောက်ဘူတာတွေထဲကို လူကိုယ်တိုင် တွန်းပို့ခဲ့ရတယ်” လို့ စီမံကိန်းမှာပါဝင်တဲ့ 7-Eleven ဆိုင်တစ်ဆိုင်က မန်နေဂျာတစ်ဦးဖြစ်တဲ့ Li Yanyan က SZNews ကို ပြောပါတယ်။ “အခု robot တွေနဲ့ဆိုတော့ အများကြီး ပိုလွယ်ကူပြီး ပိုအဆင်ပြေသွားပါတယ်”

Ref : south china morning post