Tesla ပရိသတ်တွေအတွက်တော့ နည်းနည်း စိတ်မကောင်းစရာ သတင်းပါပဲ။ Consumer Reports က ထုတ်ပြန်လိုက်တဲ့ နောက်ဆုံးရ Used Car (တစ်ပတ်ရစ်ကား) စာရင်းမှာ Tesla က ယုံကြည်စိတ်ချရမှု (Reliability) အမှတ် ၃၁ ပဲ ရပြီး ဇယားရဲ့ အောက်ဆုံးထိ ထိုးကျသွားပါတယ်။ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ကားတွေနဲ့ ယှဉ်ရင် အမှတ် ၄၀ ကျော်လောက်တောင် ကွာဟနေတာပါ။

Elon Musk could become a trillionaire under Tesla's new pay package proposal

ဒီရလဒ်ဟာ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့ ကားတွေအကြောင်း ပိုင်ရှင်ပေါင်း ၁ သိန်း ၄ သောင်းကျော်ဆီက ရရှိထားတဲ့ ဒေတာတွေကို အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ အမှတ်အများဆုံး ရသွားသူတွေကတော့ ဂျပန်ကားတွေပါပဲ။ Lexus က အမှတ် ၇၇ နဲ့ ပထမ၊ Toyota က ၇၃ နဲ့ ဒုတိယ လိုက်နေပြီး Mazda, Honda နဲ့ Acura တို့ကတော့ အမှတ် ၅၀ ကျော်ဝန်းကျင်တွေ နဲ့ ထိပ်ဆုံးမှာ နေရာယူထားကြပါတယ်။

Did Elon Musk start Tesla? The truth behind his rise to the topelon musk  tesla ownership | - The Times of India

စိတ်ဝင်စားစရာ ကောင်းတာက အမေရိကန် Brand တွေတော်တော်များများ ဇယားအောက်ဆုံးပိုင်းမှာ ရောက်နေကြတာပါ။ ဒါပေမဲ့ အဲဒီထဲမှာမှ Tesla က နာမည်ကြီး Jeep ထက်တောင် နိမ့်ပြီး အဆိုးဆုံးနေရာကို ရောက်ရှိသွားပါတယ်။ မော်ဒယ်အသစ်တွေမှာ အဆင်ပြေလာတယ် ဆိုပေမဲ့၊ နှစ်ရှည်လများ ဖြစ်နေတဲ့ Quality Control ပြဿနာတွေက အဓိက အကြောင်းရင်းပါပဲ။

အထူးသဖြင့် Cybertruck ဆိုရင် ယုံကြည်စိတ်ချရမှု အမှတ် ၃၄ သာ ရထားပြီး၊ ၂ နှစ်တောင် မပြည့်သေးခင်မှာ ၁၀ ကြိမ်တောင် ပြန်သိမ်း (Recall) ခဲ့ရတာက ကုမ္ပဏီအတွက် အတော်လေး ခေါင်းခဲစရာ ဖြစ်နေပါတယ်။

Ref : Fossbytes