စင်ကာပူမှာ တန်ဖိုးကြီး ကားတွေ ထားရှိထားတဲ့ ထူးခြားတဲ့ Vending Machine တစ်ခု ရှိပါတယ်။ ကား ရောင်ချတဲ့ နည်းလမ်းက တော်တော် မိုက်တယ်လို့ ပြောရမှာပါ။
၁၅ ထပ် အမြင့်ရှိတဲ့ ကား Vending Machine ကို Autobahn Motors က တည်ဆောက်ထားတာ ဖြစ်ပြီး Ferraris, Lamborghinis, Bentleys နဲ့ Porsches အပါအဝင် တန်ဖိုးကြီး ကား ၆၀ အထိ ထည့်သွင်းထားပါတယ်။
မြေ ရှားပါးတဲ့ စင်ကာပူမှာ ကားတွေကို အထပ်မြင့် တိုက်ထဲမှာ ထည့်သွင်းရောင်းချတဲ့ နည်းလမ်းက အဆင်ပြေတယ်လို့ ပိုင်ရှင် Gray Hong က ပြောပါတယ်။
Customers တွေဟာ ဝယ်ယူမယ့် ကားကို ရွေးချယ်ပြီးတာနဲ့ ၂ မိနစ်အတွင်း အဆင့်မြင့် အလိုအလျှောက် စနစ် ကနေ ကားကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ ထူးခြားဆန်းသစ်တဲ့ ကားပြခန်းမှာ နာမည်ကြီး Brand တွေရဲ့ Classic ကားမော်ဒယ်တွေလည်း ပါတဲ့အတွက် နာမည်ကြီး Tourist Attraction ဖြစ်လာပါတယ်။
စင်ကာပူဟာ အဆင့်မြင့် နည်းပညာတွေကို အသုံးပြုတဲ့ နိုင်ငံ အဖြစ် နာမည်ကြီးပြီး အခု ကား Vending Machine က ဒါကို ထင်ဟပ်ပြသနေပါတယ်။ စင်ကာပူကို အလည်သွားရင် ဒီ စူပါကား Vending Machine ကို မဖြစ်မနေသွားပါလို့ အကြံပေးလိုက်ပါတယ်။
Ref: Tech Explorers