အိန္ဒိယ အစိုးရက တရုတ် ငွေချေးတဲ့ App နဲ့ လောင်းကစား App များစွာကို ပိတ်ပင်လိုက်ပါတယ်။ တရုတ် App ၂၈၈ ခုကို လေ့လာပြီးနောက်မှာ အီလက်ထရောနစ်နဲ့သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန (MeitY) က တရုတ် App ၂၃၀ ကို ပိတ်ပင်လိုက်ပါတယ်။ အိန္ဒိယ နိုင်ငံသားတွေရဲ့ ဒေတာတွေကို ရယူထားတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုကြောင့် အခုလို ပိတ်ပင်လိုက်တာပါ။

India bans 54 more Chinese apps over security concerns - CNA

အဲဒီ App တွေကနေ ငွေချေးသူတွေကို ငွေညှစ်တာ၊ အရှက်ရအောင်လုပ်တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက် အခုလိုလုပ်လိုက်တာပါ။ တချို့ကိစ္စတွေမှာ အတိုးနှုန်းဟာ နှစ်စဉ် ၃,၀၀၀ ရာခိုင်နှုန်းအထိတောင် တိုးမြှင့်ထားပါတယ်။ ငွေချေးသူတွေဟာ ပြန်မဆပ်နိုင်တဲ့အခါမှာ ခြိမ်းခြောက်စာတွေကို ရခဲ့ကြပြီး အရှက်ရအောင် ဓါတ်ပုံတွေကိုပါ ဖြန့်ဝေကြပါတယ်။ အဲဒါကြောင့် အိန္ဒိယက Andhra Pradesh နဲ့ Telangana ပြည်နယ်တွေမှာ ကိုယ့်ကိုကိုယ် သတ်သေမှုတွေ ရှိလာပါတယ်။

အဲဒီအတွက်ကြောင့် အိန္ဒိယ ပြည်နယ်တွေက ထောက်လှမ်းရေး အေဂျင်စီတွေဟာ အဲဒီ App တွေကို အရေးယူခဲ့ကြတာပါ။ ပိတ်ပင်လိုက်တဲ့ App တွေထဲက ၉၄ ခုကို App Store မှာ တင်ထားပြီး တခြား App တွေကို Third-party Link တွေကနေ ဖြန့်ချိနေတာပါ။ အစိုးရက နိုင်ငံရဲ့ ဒေသ အများစုမှာ လောင်းကစားတာ တရားဥပဒေနဲ့ မညီဘူးလို့ ပြည်သူတွေကို သတိပေးနေပါတယ်။

Smartphone

အိန္ဒိယဟာ TikTok, Xender, PUBG Mobile အပါအဝင် တရုတ် App တွေကို  နိုင်ငံ လုံခြုံရေးကြောင့် အရင်က ပိတ်ပင်ခဲ့ပါတယ်။

Ref : gizmochina