အိန္ဒိယ စမတ်ဖုန်းဈေးကွက်ကို Xiaomi , OPPO နဲ့ တခြား တရုတ် ကုမ္ပဏီတွေရဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် စမတ်ဖုန်းတွေက ကြီးစိုးထားပါတယ်။ ဒါပေမယ့် အိန္ဒိယအစိုးရက မကြာခင်မှာ ဒီအခြေအနေကို ပြောင်းလဲတော့မယ်လို့ ထင်ပါတယ်။ အိန္ဒိယဟာ တရုတ် ကုမ္ပဏီတွေရဲ့ ရူပီး ၁၂,၀၀၀ (၃၁၀,၀၀၀ ကျပ် ဝန်းကျင်)ထက် ဈေးချိုတဲ့ ဖုန်းတွေ ရောင်းချတာကို ကန့်သတ်နိုင်တယ်လို့ သတင်းထွက်လာပါတယ်။

The average price of Xiaomi smartphones increased on average by 11,8%

Bloomberg ရဲ့ အဆိုအရ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက ပြည်တွင်း စမတ်ဖုန်း ကုမ္ပဏီတွေရဲ့ ရောင်းအားတိုးတက်လာအောင် ဖြစ်ပါတယ်။ Micromax နဲ့ Lava တို့လို အိန္ဒိယ ကုမ္ပဏီတွေဟာ တစ်ချိန်က ရောင်းအား အရမ်းကောင်းခဲ့ပေမယ့် Xiaomi, OPPO နဲ့ Vivo တို့လို တရုတ် ကုမ္ပဏီတွေ ဝင်ရောက်လာတဲ့အခါမှာ ရောင်းအား ကျဆင်းခဲ့ပါတယ်။ အခုလို ပြောင်းလဲမှုပြုလုပ်မယ်ဆိုရင် အိန္ဒိယရဲ့ တန်ဖိုးနည်း ဖုန်း ဈေးကွက်ကို အုပ်စိုးထားတဲ့ တရုတ် ကုမ္ပဏီတွေကို ထိခိုက်စေမှာပါ။

How Australia can Step up its Efforts to Support India's COVID-19 Response - Australian Institute of International Affairs - Australian Institute of International Affairs

ပြီးခဲ့တဲ့ နှစ်တွေအတွင်း တရုတ်မှာ Covid-19 Lockdown တွေ ပြုလုပ်ခဲ့တဲ့အတွက် တရုတ် ဖုန်းကုမ္ပဏီတွေဟာ ရောင်းအားကျဆင်းခဲ့ပြီး အိန္ဒိယ ဈေးကွက်ကို မှီခိုခဲ့ရပါတယ်။ အိန္ဒိယ စမတ်ဖုန်း ရောင်းအားရဲ့ ၃ ပုံ ၁ ပုံဟာ ၂၀၂၂ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ဒေါ်လာ ၁၅၀ အောက် ဖုန်းတွေ ဖြစ်ပြီး တရုတ် ကုမ္ပဏီတွေရဲ့ ဖုန်းတွေက ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ ဈေးကွက် သုတေသန အဖွဲ့အစည်း Counterpoint က ပြောပါတယ်။

အိန္ဒိယအစိုးရရဲ့ အခု အပြောင်းအလဲကြောင့် တရုတ် ဖုန်း ကုမ္ပဏီတွေဟာ အကြီးအကျယ် ထိခိုက်သွားနိုင်ပါတယ်။ Samsung နဲ့ Apple တို့ကတော့ တန်ဖိုးနည်း ဖုန်းတွေကို အဓိက မထုတ်လုပ်တဲ့အတွက် ထိခိုက်မှာ မဟုတ်ပါဘူး။

Ref : gizmochina