Unicode

Reckoning Esports ဆိုတဲ့အမည်ဟာ မြန်မာ Esports ပရိသတ်တွေအတွက်တော့ သိပ်စိမ်းလှတဲ့ နာမည် မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအတောင့်တင်းဆုံးအသင်းလို့ ဆိုရမယ့် Team Veteran ကို တစ်သင်းလုံးခေါ်ယူခဲ့ပြီး အိန္ဒိယနိုင်ငံတွင်း Dota 2 အမှတ်ပေးလိဂ်ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲအချို့ကို Reckoning Esports အမည်အောက်ကနေ ဆော့ကစားစေခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းနီးလာတဲ့အခါမှာတော့ မြန်မာကစားသမားတွေက အဆိုပါ အဖွဲ့အစည်းနဲ့ လက်တွဲဖြုတ်ပြီး အရင်လိုပဲ သီးခြားပြန်ရပ်တည်ခဲ့ပါတယ်။ ဒီကြားထဲမှာတော့ Reckoning Esports ရဲ့ Counter-Strike: Global Offensive နဲ့ PUBG အသင်းတွေ ဆက်လက်ရှင်သန်နေပေမယ့် Dota 2 အသင်းက ခေတ္တငြိမ်သက်နေခဲ့ရပါတယ်။

ယခု ၂၀၂၀ နှစ်စမှာတော့ ရုတ်တရက်ဆိုသလို Reckoning Esports က သူတို့ရဲ့ Dota 2 အသင်းကို ပြန်လည်တည်ထောင်ဖို့ ကြေညာလာခဲ့သလို သူတို့ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားနှစ်ဦးကလည်း မြန်မာကစားသမားတွေပဲ ဖြစ်နေခဲ့ပြန်ပါတယ်။

Reckoning Esports ကနေ ခေါ်ယူခဲ့တဲ့ ကစားသမားနှစ်ဦးကတော့ ဉာဏ်ထူးဇော် (Object / Obj) နဲ့ နေမင်းခန့် (Luffy) တို့ပဲဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်လုံးဟာ အသက် ၁၉ နှစ်ဝန်းကျင်သာ ရှိသေးပြီး မြန်မာပြည်တွင်း Dota 2 Pro မြင်ကွင်းမှာတော့ တွေ့နေခဲ့ရတာ ကြာပါပြီ။

Object လို့ လူသိများတဲ့ ဉာဏ်ထူးဇော်ဟာ Support Role မှာ ကစားလေ့ရှိပြီး အခု Reckoning Esports မှာ In-game Leader, Draft ချမှတ်သူ ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်ကစားသွားမှာပါ။ သူဟာ အရင်က KingPanda Gaming မှာ ဆော့ကစားပြီး ပြည်တွင်းဆုတွေ ရရှိခဲ့ဖူးသူဖြစ်ပါတယ်။

Luffy ကတော့ တက်သစ်စ Offlane ကစားသမားတစ်ယောက်ဖြစ်ပြီး ရံဖန်ရံခါမှာ Support Role ကိုလည်း ဆော့ကစားခဲ့ဖူးပါတယ်။ ယခင်က KingPanda Gaming မှာ Object နဲ့အတူ လက်တွဲကစားခဲ့သလို TNT, Yangon Galacticos အသင်းတွေမှာလည်း ဆော့ကစားခဲ့ဖူးပါတယ်။

ဒေသတွင်း Talent တွေကို အိမ်နီးချင်း Esports အဖွဲ့အစည်းတွေက ရှာဖွေလာတဲ့အခါမှာ မြန်မာကစားသမား တွေကိုလည်း အလားအလာရှိသူတွေအဖြစ် သတ်မှတ်လာကြပါပြီ။ အခုလို နိုင်ငံခြားထွက်ကစားတဲ့အခါ နိုင်ငံခြားကစားသမားတွေ၊ နည်းပြတွေနဲ့ လက်တွဲရတဲ့ အတွေ့အကြုံတွေက နောက်တစ်ခါ ဆီးဂိမ်းလို ပြိုင်ပွဲကြီးတွေမှာ မြန်မာဂုဏ်ဆောင် ကစားသမားတွေ ထွက်ပေါ်လာဖို့ အခွင့်အရေးတွေ ဖြစ်လာမှာ အသေအချာပါပဲ။

Photo Credit – Reckoning Esports & Luffy’s Facebook

Zawgyi

Reckoning Esports ဆုိတဲ့အမည္ဟာ ျမန္မာ Esports ပရိသတ္ေတြအတြက္ေတာ့ သိပ္စိမ္းလွတဲ့ နာမည္ မဟုတ္ပါဘူး။ ၂၀၁၉ ခုႏွစ္အတြင္းမွာ ျမန္မာႏုိင္ငံရဲ႕ လက္ရွိအေတာင့္တင္းဆုံးအသင္းလုိ႔ ဆုိရမယ့္ Team Veteran ကို တစ္သင္းလုံးေခၚယူခဲ့ၿပီး အိႏၵိယႏုိင္ငံတြင္း Dota 2 အမွတ္ေပးလိဂ္ၿပိဳင္ပြဲ အပါအဝင္ ၿပိဳင္ပြဲအခ်ဳိ႕ကို Reckoning Esports အမည္ေအာက္ကေန ေဆာ့ကစားေစခဲ့ပါတယ္။

ဒါေပမယ့္ ၂၀၁၉ ဖိလစ္ပိုင္ဆီးဂိမ္းနီးလာတဲ့အခါမွာေတာ့ ျမန္မာကစားသမားေတြက အဆုိပါ အဖြဲ႕အစည္းနဲ႔ လက္တြဲျဖဳတ္ၿပီး အရင္လုိပဲ သီးျခားျပန္ရပ္တည္ခဲ့ပါတယ္။ ဒီၾကားထဲမွာေတာ့ Reckoning Esports ရဲ႕ Counter-Strike: Global Offensive နဲ႔ PUBG အသင္းေတြ ဆက္လက္ရွင္သန္ေနေပမယ့္ Dota 2 အသင္းက ေခတၱျငိမ္သက္ေနခဲ့ရပါတယ္။

ယခု ၂၀၂၀ ႏွစ္စမွာေတာ့ ရုတ္တရက္ဆုိသလို Reckoning Esports က သူတုိ႔ရဲ႕ Dota 2 အသင္းကို ျပန္လည္တည္ေထာင္ဖို႔ ေၾကညာလာခဲ့သလို သူတုိ႔ ပထမဆုံးေခၚယူခဲ့တဲ့ ကစားသမားႏွစ္ဦးကလည္း ျမန္မာကစားသမားေတြပဲ ျဖစ္ေနခဲ့ျပန္ပါတယ္။

Reckoning Esports ကေန ေခၚယူခဲ့တဲ့ ကစားသမားႏွစ္ဦးကေတာ့ ဥာဏ္ထူးေဇာ္ (Object / Obj) နဲ႔ ေနမင္းခန္႔ (Luffy) တုိ႔ပဲျဖစ္ပါတယ္။ ဒီကစားသမားႏွစ္ေယာက္လုံးဟာ အသက္ ၁၉ ႏွစ္ဝန္းက်င္သာ ရွိေသးၿပီး ျမန္မာျပည္တြင္း Dota 2 Pro ျမင္ကြင္းမွာေတာ့ ေတြ႕ေနခဲ့ရတာ ၾကာပါၿပီ။

Object လို႔ လူသိမ်ားတဲ့ ဥာဏ္ထူးေဇာ္ဟာ Support Role မွာ ကစားေလ့ရွိၿပီး အခု Reckoning Esports မွာ In-game Leader, Draft ခ်မွတ္သူ ေခါင္းေဆာင္တစ္ဦးအျဖစ္ ဆက္လက္ကစားသြားမွာပါ။ သူဟာ အရင္က KingPanda Gaming မွာ ေဆာ့ကစားၿပီး ျပည္တြင္းဆုေတြ ရရွိခဲ့ဖူးသူျဖစ္ပါတယ္။

Luffy ကေတာ့ တက္သစ္စ Offlane ကစားသမားတစ္ေယာက္ျဖစ္ၿပီး ရံဖန္ရံခါမွာ Support Role ကိုလည္း ေဆာ့ကစားခဲ့ဖူးပါတယ္။ ယခင္က KingPanda Gaming မွာ Object နဲ႔အတူ လက္တြဲကစားခဲ့သလို TNT, Yangon Galacticos အသင္းေတြမွာလည္း ေဆာ့ကစားခဲ့ဖူးပါတယ္။

ေဒသတြင္း Talent ေတြကို အိမ္နီးခ်င္း Esports အဖြဲ႕အစည္းေတြက ရွာေဖြလာတဲ့အခါမွာ ျမန္မာကစားသမား ေတြကိုလည္း အလားအလာရွိသူေတြအျဖစ္ သတ္မွတ္လာၾကပါၿပီ။ အခုလို ႏုိင္ငံျခားထြက္ကစားတဲ့အခါ ႏုိင္ငံျခားကစားသမားေတြ၊ နည္းျပေတြနဲ႔ လက္တြဲရတဲ့ အေတြ႕အၾကဳံေတြက ေနာက္တစ္ခါ ဆီးဂိမ္းလို ၿပိဳင္ပြဲႀကီးေတြမွာ ျမန္မာဂုဏ္ေဆာင္ ကစားသမားေတြ ထြက္ေပၚလာဖို႔ အခြင့္အေရးေတြ ျဖစ္လာမွာ အေသအခ်ာပါပဲ။

Photo Credit – Reckoning Esports & Luffy’s Facebook