အိန္ဒိယအစိုးရအနေနဲ့ Cryptocurrency အရောင်းအဝယ်ပြုလုပ်ခြင်းကနေရရှိတဲ့ အမြတ်အစွန်းခွန်ကို ရယူပိုင်ခွင့်ရှိကြောင်းနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ပြီးတဲ့နောက် နိုင်ငံတွင်းမှာ Cryptocurrency တွေကို ပိတ်ပင်တာ ဒါမှမဟုတ် တားမြစ်တာကို နောက်ပိုင်းမှာပြုလုပ်လာမယ်လို့ ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ပြီးခဲ့တဲ့သောကြာနေ့မှာ ပြုလုပ်သွားတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

Sitharaman ဟာ အိန္ဒိယက Cryptocurrency တရားဝင်မှုဆိုင်ရာတွေကို ရှင်းလင်းပြောဆိုခဲ့ပြီး အစိုးရက Virtual assets တွေအပေါ် အခွန်ကောက်ခံတယ်ဆိုတာဟာ ဒါတွေကိုတရားဝင်ဖြစ်စေလိုက်တယ်လို့ မဆိုလိုဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ Virtual ပိုင်ဆိုင်မှုတွေဆီကနေ အမြတ်ခွန် ၃၀% စည်းကြပ်မဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး “ဒီအဆင့်မှာ တရားဝင်အောင် ဒါမှမဟုတ် တားမြစ်ဖို့ ဘာကိုမှမလုပ်ပါဘူး” လို့လည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် အရင်းအမြစ် (TDS) ကနေ နုတ်ယူထားတဲ့အခွန် ၁% ဟာ အချို့သောသတ်မှတ်အဆင့်ကို ကျော်လွန်သွားတဲ့ ပိုင်ဆိုင်မှုလွှဲပြောင်းရာတွေမှာ အကျုံးဝင်မယ်လို့ ဆိုပါတယ်။ အခြားအချက်အနေနဲ့ “မည်သည့်အသုံးစရိတ် (သို့မဟုတ်) ထောက်ပံ့ကြေးနှင့်စပ်လျဉ်းပြီး ထိုကဲ့သို့သောပိုင်ဆိုင်မှုများတွင် အရောင်းအဝယ်များမှ ဝင်ငွေကိုတွက်ချက်နေချိန်တွင် နုတ်ယူခြင်းမပြုရ” ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

Virtual digital assets ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်းက ဆုံးရှုံးမှုတွေကို အခြားဝင်ငွေနဲ့ယှဉ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း သတ်မှတ်ထားပါတယ်။ Sitharaman ဟာ ၂၀၂၂−၂၃ ကစတင်ပြီး Reserve Bank of India (RBI) က ထုတ်ပေးမဲ့ Blockchain နဲ့ အခြားသောနည်းပညာတွေကိုအသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေကြေး ဒါမှမဟုတ် ဒစ်ဂျစ်တယ်ရူပီကို မိတ်ဆက်ဖို့ အဆိုပြုခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ် (CBDC) ဟာ ဒစ်ဂျစ်တယ်စီးပွားရေးကို ကြီးမားတဲ့တွန်းအားပေးပြီး ပိုမိုထိရောက်၊ စရိတ်နည်းပါးတဲ့ ငွေကြေးစီမံခန့်ခွဲမှုကို ဦးတည်သွားစေဖို့ နိဒါန်းပျိုးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် RBI က ထုတ်ပေးမဲ့ “Digital Rupee” ကိုပဲ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် တရားဝင်အသိအမှတ်ပြုခံရမယ်လို့လည်း Sitharaman က ထပ်ပြီးပြောသွားခဲ့ပါသေးတယ်။

Ref: mint