ဒီလဆန်းပိုင်းတုန်းက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့နယ်စပ်မှာ အိန္ဒိယနဲ့ တရုတ်စစ်သားတွေဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သည် ၂၀ ကျဆုံးခဲ့တဲ့ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုလို့ဆိုရမယ့် ကြေညာချက်တစ်ရပ်ကို အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယအစိုးရဟာ ယခင်က သုံးစွဲခွင့်ပြုထားတဲ့ တရုတ်မိုလ်ဘိုင်းအက်ပလီကေးရှင်း ၅၉ ခုကို နိုင်ငံတွင်း သုံးစွဲခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့ စာရင်းမှာ တရုတ်ရဲ့ နာမည်ကျော် TikTok အပါအဝင်၊ WeChat နဲ့ UC Browser တွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် Clash of Kings နဲ့ Xiaomi ရဲ့ App တွေလည်း ပါဝင်နေပါတယ်။

ဒီလိုမျိုး ပိတ်ပင်လိုက်ရတဲ့အကြောင်းရင်းဟာ လုံခြုံရေးဆိုင်ရာနဲ့ Privacy ပိုင်းဆိုင်ရာ တွေကြောင့်ဖြစ်တယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။ တရုတ်အက်ပလီကေးရှင်းတွေဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို ထိခိုက်စေမယ့်လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် လိုအပ်လာတဲ့အရေးပေါ်အခြေအနေအရ လုပ်ဆောင်ရတာဖြစ်ကြောင်းလည်း အိန္ဒိယအစိုးရက ပြောဆိုခဲ့ပါတယ်။

တရားဝင်ထုတ်ပြန်ချက်မှာတော့ အိန္ဒိယအစိုးရဟာ သတင်းအချက်အလက်နည်းပညာရဲ့ သက်ဆိုင်ရာပြဌာန်းချက်ဥပဒေ (အများပြည်သူအားဖြင့် သတင်းအချက်အလက်ရရှိမှုကို ပိတ်ဆို့ခြင်းအတွက် လုပ်ထုံးလုပ်နည်းနှင့်အကာအကွယ်များ) နည်းဥပဒေ ၂၀၀၉ အရ၊ သတင်းအချက်အလက်နည်းပညာ အက်ဥပဒေပုဒ်မ ၆၉ (အေ) အာဏာကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယဆိုက်ဘာရာဇဝတ်မှုညှိနှိုင်းမှစင်တာကလည်း အန္တရာယ်ရှိတဲ့ အက်ပလီကေးရှင်းတွေကို ပတ်ပင်ဖို့ ထောက်ခံချက်ပေးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရကတော့ ဒီအက်ပလီကေးရှင်းတွေကို ပိတ်ပင်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ Cyberspace လုံခြုံမှုနဲ့ အချုပ်အခြာအာဏာကို ရရှိစေတယ်လို့ ဆိုပါတယ်။

ပိတ်ပင်လိုက်တဲ့ အက်ပလီကေးရှင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1. TikTok 2. SHAREit 3. Kwai 4. UC Browser 5. Baidu Map 6. SHEIN 7. Clash of Kings 8. DU Battery saver 9. Helo 10. Likee 11. YouCam Makeup 12. Mi Community 13. CM Browser 14. Virus Cleaner 15. APUS Browser 16. ROMWE 17. Club Factory 18. NewsDog 19. BeautyPlus 20. WeChat 21. UC News 22. QQ Mail 23. Weibo 24. Xender 25. QQ Music 26. QQ Newsfeed 27. Bigo Live 28. SelfieCity 29. Mail Master 30. Parallel Space 31. Mi Video Call – Xiaomi 32. WeSync 33. ES File Explorer 34. Viva Video – QU Video Inc 35. Meitu 36. Vigo Video 37. New Video Status 38. DU Recorder 39. Vault 40. DU Cache Cleaner 41. DU Cleaner 42. DU Browser 43. HAGO – Play With New Friends 44. CamScanner 45. Clean Master – Cheetah Mobile 46. Wonder Camera 47. Photo Wonder 48. QQ Player 49. WeMeet 50. Sweet Selfie 51. Baidu Translate 52. Vmate 53. QQ International 54. QQ Security Center 55. QQ Launcher 56. UV Video 57. VFly-Status Videos, Status Maker, New Video Status 58. Mobile Legends 59. DU Privacy Vault

Ref: Gizmochina