အင်ဒီယားနားပြည်နယ်က မာ့ခ် ဇူကာဘတ်လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း သူ့ရဲ့ အကောင့်တွေ အနည်းဆုံး ငါးကြိမ် ပိတ်သိမ်းခံခဲ့ရတယ်လို့ ပြောပြီး Facebook အပါအဝင် Meta Platforms ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။

Lawyer named Mark Zuckerberg sues Meta after repeated account shutdowns  over claims he's impersonating billionaire founder: 'It's offensive'

မာ့ခ် အက်စ် ဇူကာဘတ်ရဲ့ ဒေဝါလီခံမှုဆိုင်ရာ ဥပဒေရုံးမှာ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဇူကာဘတ်က သူ့ရဲ့ စီးပွားရေး Page မှာ ကြော်ငြာခတွေ ပေးသွင်းထားပေမဲ့ အခုလို အကောင့်တွေ ပိတ်သိမ်းခံရတာကြောင့် သူ့ရဲ့ လုပ်ငန်းသုံး Page နဲ့ ကိုယ်ပိုင် Page နှစ်ခုစလုံး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တရားရုံးစာရွက်စာတမ်းတွေအရ Meta ဝန်ထမ်းတွေက ဇူကာဘတ်ကို “နာမည်ကြီးတစ်ယောက်အဖြစ် အယောင်ဆောင်နေတယ်” ပြီးတော့ “နာမည်အမှန်ကို အသုံးမပြုဘူး” လို့ စွပ်စွဲခဲ့တယ်လို့ သိရပါတယ်။

ဇူကာဘတ်က သူ့ဘယ်သူဖြစ်တယ်ဆိုတာ သက်သေပြဖို့အတွက် Meta ကို သူ့ရဲ့ ယာဉ်မောင်းလိုင်စင်၊ ခရက်ဒစ်ကတ်တွေနဲ့ မျက်နှာဓာတ်ပုံအများအပြားကို ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။ သူဟာ ဒီနာမည်နဲ့ပဲ ဥပဒေပညာရှင်အဖြစ် အနှစ် ၃၈ နှစ်ကျော်ကြာ လုပ်ကိုင်လာခဲ့တာဖြစ်တယ်လို့လည်း ကုမ္ပဏီကို ပြောခဲ့ပါတယ်။ သူ့ရဲ့အကောင့်ကို ပိတ်သိမ်းထားတဲ့ အချိန်အတွင်းမှာ Meta ဟာ ဇူကာဘတ် ပေးချေထားတဲ့ ကြော်ငြာခ ဒေါ်လာ ၁၁,၀၀၀ ကျော်ကို ပြန်မပေးဘဲ သိမ်းယူထားတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

တရားရုံးစာရွက်စာတမ်းတွေအရ သူဟာ အချက်အများအပြားနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ သဘောရိုးနဲ့ မျှတစွာဆက်ဆံရေးဆိုင်ရာ ကတိကဝတ်ကို ဖောက်ဖျက်မှု၊ စာချုပ်ပါအချက်အလက်တွေကို ဖောက်ဖျက်မှု၊ ပေါ့ဆမှု၊ ကတိပေးပြီးမှ ဖောက်ဖျက်ခြင်းကို တားမြစ်တဲ့ ဥပဒေနဲ့ ငြိစွန်းမှုနဲ့ တားမြစ်မိန့်ရရှိလိုမှုတို့ ပါဝင်တယ်လို့ သိရပါတယ်။

Ref : wane