လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Infinix ဟာ Concept Phone 2021 ကို ပြသခဲ့ပြီး အနောက်ဘက်မှာ Electrochromic Film ထည့်သွင်းထားပါတယ်။ အဲဒီ Film က ဖုန်း အရောင်ကို အညို ကနေ အပြာရောင် ပြောင်းလဲပေးနိုင်ပါတယ်။

A prototype of the Infinix E-Color Shift Technology

အခုတော့ ကုမ္ပဏီက E-Color Shift လို့ အမည်ပေးထားတဲ့ နမူနာ နည်းပညာ အသစ်ကို ပြသလိုက်ပါတယ်။ ဒါဟာ ပိုမို အဆင့်မြင့်တဲ့ ဗားရှင်း ဖြစ်ပြီး ဖုန်း အနောက်ဘက် အရောင်တွေကို ပြောင်းလဲပေးနိုင်ပါတယ်။ အရောင်များစွာ ပြောင်းလဲပေးနိုင်ပြီး အနောက်ဘက်မှာ အပိုင်းတွေ ခွဲခြားထားကာ အဲဒီအပိုင်းတွေရဲ့ အရောင်ကို သီးခြား သတ်မှတ်နိုင်ပါတယ်။

ဒီနည်းပညာမှာ Ebook Reader တွေမှာပါတာနဲ့ မတူတဲ့ E Ink Prism 3 ကို အသုံးပြုထားပါတယ်။ အရောင်ပြောင်းတာအတွက်ပဲ စွမ်းအင်သုံးရတဲ့အတွက် စွမ်းအင် စားသုံးမှု အလွန် သက်သာပါတယ်။ အရောင် သတ်မှတ်ပြီးတာနဲ့ စွမ်းအင် ကုန်ကျမှု မရှိတော့ပါဘူး။ အရောင်ပြောင်းတဲ့ ဖြစ်စဉ်ကို အောက်မှာ လေ့လာနိုင်ပါတယ်။

Infinix ဟာ ဒီနည်းပညာကို ဈေးကွက်ထဲ မရောင်းချခင်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ Infinix E-Color Shift နည်းပညာ ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်းကျမှ ရောင်းချနိုင်မယ်လို့ ထင်ရပါတယ်။

Ref : gsmarena