Online ကနေအဓိကရောင်းချနေတဲ့ Premium Smartphone Brand တစ်ခုဖြစ်တဲ့ Infinix ဟာ မြန်မာနိုင်ငံစျေးကွက်ထဲကို Hot 9 Play နဲ့အတူ စတင်ဝင်ရောက်လာခဲ့ပါပြီ။ အဆိုပါ Infinix Hot 9 Play စမတ်ဖုန်းဟာ ပုံမှန်ထက် Battery Life Cycle ပိုင်းမှာ ၆၀ ရာခိုင်နှုန်း ပိုမိုကြာရှည်ခံမယ်လို့ သိရပါတယ်။

Hot 9 Play စမတ်ဖုန်းကို RAM 2GB ၊ 32GB Storage Version သို့မဟုတ် RAM 4GB ၊ 64GB Storage Version ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Display အနေနဲ့ ကြီးမားတဲ့ 6.82” HD+ Cinematic Display ကိုမှ IMAX Movie Ratio နဲ့ အနီးစပ်ဆုံးတူညီတဲ့ 20.5:9 Aspect Ratio ကို အသုံးပြုထားတာဖြစ်ပါတယ်။

Camera အနေနဲ့ Triple Rear Flash ပါဝင်တဲ့ 13MP AI Dual Camera Setup နဲ့ Display Flashlight ပါဝင်တဲ့ 8MP Front Facing Selfie Camera တွေ တပ်ဆင်ထားမှာဖြစ်ပါတယ်။ Infinix Hot 9 Play စမတ်ဖုန်းဟာ ကြီးမားတဲ့ 6000mAh Battery ပါဝင်မှာဖြစ်ပြီး Battery Life Cycle ကို ပုံမှန်ထက် ၆၀ ရာခိုင်နှုန်းပိုအသုံးခံစေမှာဖြစ်ပါတယ်၊ ဖုန်းပြောဆိုချိန် ၃၄ နာရီ၊ Standby ၃၄ ရက်အထိလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Android 10 OS ကို အခြေခံထားပြီး မြန်မာနိုင်ငံစျေးကွက်အတွင်းမှာ RAM 2GB + 32GB Version ကို 119,000 MMK ၊ RAM 4GB + 64GB Version ကိုတော့ 139,000 MMK နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Infinix ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ South ၊ Southeast Asia ၊ Africa ၊ Middle East နဲ့ Latin America အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်မှာနေရာယူထားတာဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်ပိုင်းမှာ ရေပန်းစားအောင်မြင်မှုတွေကို အများအပြားရရှိခဲ့ပြီး ရောင်းအားအကောင်းဆုံးစမတ်ဖုန်းတွေထဲမှာလည်း ပါဝင်နေတာဖြစ်ပါတဘ်။

Infinix Brand ကို စတင်တည်ထောင်တဲ့အချိန်ကတည်းက နည်းပညာပိုင်းနဲ့ Modern Design တွေကို ပေါင်းစပ်ထားတဲ့ အကောင်းဆုံးသောအဖြေတွေကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ Model တစ်ခုချင်းစီမှာ အသုံးပြုသူရဲ့ စရိုက်နဲ့ Lifestyle ကို ထင်ဟပ်နေစေမယ့် များပြားတဲ့အရောင်တွေကိုလည်း ရွေးချယ်ခွင့်ပေးထားပါသေးတယ်။

Infinix Mobile ရဲ့ CEO ဖြစ်တဲ့ Benjamin Jiang ကတော့ “လူငယ်ပိုင်းအသုံးပြုသူတွေက ပုံစံခွက်ထဲကနေ ကွဲထွက်နေပြီး တမူထူးခြားနေတဲ့ Product တွေကို ရှာဖွေနေကြတယ်ဆိုတာ နားလည်ပါတယ်။ Infinix ကိုယ်တိုင်ကလည်း နည်းပညာပိုင်းမြင့်မားပြီး လူငယ်တွေစိတ်ကြိုက်ဖြစ်စေမယ့် Modern Standard တစ်ခုကို ဖြည့်ဆည်းပေးနိုင်မယ့် စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်သွားမှာဖြစ်တယ်။” ဆိုပြီး ပြောကြားထားခဲ့ပါတယ်။

Infinix ကနေ လူငယ်တွေကို ကိုယ်ပိုင်အစွမ်းအစတွေကို ထုတ်ဖော်ပြီး အခွင့်အလမ်းတွေဖန်တီးနိုင်ဖို့နဲ့ အိမ်မက်တွေကို အခုပဲအကောင်အထည်ဖော်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Infinix က လူငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးပြီး စိတ်ကြိုက်ဖြစ်စေမှာပါလို့ ဆိုထားပါတယ်။

The Hot 9 Play has two versions, 2GB of RAM with 32GB of internal storage, and 4GB RAM with
64GB of internal storage. It also has a stunning 6.82” HD+ cinematic display with, with a view
ratio of 20.5:9 (very similar to the Imax movie ratio). The rear camera is a 13 MP AI Dual camera
with triple rear flash, while the selfie camera is 8 MP FF with display flashlight. The Infinix Hot 9
Play is powered by a 6000mAh battery meaning a 60% increase in battery lifecycle, 34 hours talk time and 34 days standby time. It runs on Android 10 and is available in the local market for
119,000 MMK for 2+32GB and 139,000 MMK for 6+64GB.

Infinix was founded in 2013 with a presence in more than 70 countries around the world,
including South and Southeast Asia, Africa, the Middle East and Latin America, where it gained
popularity and reputation, was hugely successful and became one of the best-selling
smartphones among young people.

From the very beginning of its creation, Infinix has always adhered to the search for compromise
solutions, based on the combination of information technology and modern design. Each model
is individual due to the large selection of colors that emphasize the character and lifestyle of the
owner of the gadget.

“We understand that young consumers are always looking for something unique and non-
standard. Infinix strives to meet all the requirements of its consumers, producing high-tech
smartphones that give young people a device that fully meets modern standards,”, said
Benjamin Jiang, CEO of Infinix Mobile.

Infinix invites young people to show their individuality and remain who they are, to fulfill their
dreams and achieve their goals in the future with modern, innovative opportunities now. Infinix
conquers the hearts of young consumers and strives to meet all their needs!