Infinix က Gaming ဖုန်း အသစ်ကို ကြေညာလိုက်ပြီး GT 30 Pro လို့ နာမည်ပေးထားပါတယ်။ ဒီဇိုင်းအကြောင်းပြောရရင် Cyber Mecha Design 2.0 ကို သုံးထားပြီး အနောက်ဘက်မှာ RGB Lighting ပါပါတယ်။ Blade White, Shadow Ash နဲ့ Dark Flare အရောင် ၃ ရောင်နဲ့ ထွက်လာပါတယ်။

Infinix GT 30 Pro unveiled with Dimensity 8350 Ultimate, 144Hz screen and GT  triggers - GSMArena.com news

Dual Capacitive Shoulder GT Triggers ကို ဂိမ်းကစားဖို့ ထည့်သွင်းထားပြီး Infinix အတွက် ပထမဆုံး ဖြစ်ပါတယ်။

6.78” LTPS AMOLED Display သုံးထားပြီး FHD+ Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1,600 Nits Peak Brightness နဲ့ Gorilla Glass 7i ပါလာပြီး In-display Fingerprint Scanner သုံးထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 13MP ဖြစ်ပါတယ်။

Infinix GT 30 Pro unveiled with Dimensity 8350 Ultimate, 144Hz screen and GT  triggers - GSMArena.com news

GT 30 Pro မှာ MediaTek Dimensity 8350 Ultimate ကို 8/12GB LPDDR5X RAM နဲ့ တွဲဖက်ထားပြီး 512GB UFS 4.0 Storage အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 108MP Main, 8MP Ultrawide ကင်မရာတွေ တပ်ထားပါတယ်။

Android 15 အခြေပြု Infinix XOS 15 မောင်းနှင်ထားပြီး DeepSeek R1 ထောက်ပံ့ထားတဲ့ Infinix AI Tools တွေ ပါပါတယ်။ IP64 ရေစိုခံစံနှုန်း ရထားပါတယ်။

GT 30 Pro ရဲ့ 12/256GB Version ကို မလေးရှားမှာ ၃၀၄ ဒေါ်လာနဲ့ 512GB Version ကို ၃၅၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : Gsmarena