Infinix က အိန္ဒိယမှာ Hot 50 စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 120Hz LCD Screen , Dimensity 6300 Chipset နဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ အထူက ၇.၈ မီလီမီတာပဲ ရှိတဲ့အတွက် အဲဒီ ဈေးနှုန်းတန်းမှာ အပါးလွှာဆုံး ဖုန်း ၁ လုံး ဖြစ်ပါတယ်။ အဲဒီ ဈေးတန်းထဲမှာ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားတာကလည်းထူးခြားပါတယ်။

Infinix Hot 50 debuts with Dimensity 6300 and 50MP main cam - GSMArena.com news

Hot 50 မှာ 6.7” IPS LCD 720p Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ ပါလာပါတယ်။

အနောက်ဘက်မှာ 50MP Main , 2MP Depth နဲ့ Auxiliary ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ MediaTek Dimensity 6300 Chipset မောင်းနှင်ထားပြီး 4/8GB RAM နဲ့ 64/128GB Storage ထည့်သွင်းထားပါတယ်။

Android 14 အခြေပြု XOS 14.5 မောင်းနှင်ထားပြီး 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Infinix Hot 50 အတွက် Dreamy Purple, Sage Green , Sleek Black နဲ့ Vibrant Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/64GB ကို ၁၂၀ ဒေါ်လာနဲ့ 8/128GB ကို ၁၃၀ ဒေါ်လာ သတ်မှတ်ထားပြီး အိန္ဒိယမှာ ဒီလ ၉ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena