Infinix က Hot 50i ကို ကြေညာလိုက်ပြီး 4G စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဇိုင်းက တခြား Hot 50 Model တွေနဲ့ တူညီပါတယ်။

Infinix Hot 50i မှာ 6.7” HD+ LCD Display တပ်ဆင်ထားပြီး 1600x720p Resolution , 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 48MP  Main နဲ့ အပို ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Android 14 Go Edition မောင်းနှင်ထားပြီး Infinix XOS 14.0 အုပ်ထားပါတယ်။

xclusive] Infinix HOT 50i First Look and Key Specifications Revealed |  MySmartPrice

MediaTek Helio G81 Chipset မောင်းနှင်ထားပြီး 4GB or 6GB RAM , 128 or 256GB Storage ပါပါတယ်။ 2TB microSD Card စိုက်နိုင်ပြီး 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

Launcher INFINIX HOT 50i Theme ‒ Applis sur Google Play

Dual SIM Support, VoLTE, USB Type-C , 3.5mm Headphone Jack , Bluetooth 5.3 စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ IP54 ရေစိုခံစံနှုန်း ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Infinix Hot 50i ကို ဒီလနှောင်းပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်ပြီး ဈေးနှုန်းက ၁၁၀ ဒေါ်လာက စတင်မှာ ဖြစ်ပါတယ်။ Sleek Black, Sage Green, Titanium Grey နဲ့ Dreamy Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina