Infinix ဟာ မကြာခင်က Hot 60 Pro series ဖုန်းအသစ်နှစ်လုံးကို မိတ်ဆက်ခဲ့ပြီး အခုတော့ နောက်ထပ်အဖွဲ့ဝင်သစ်တစ်ခုဖြစ်တဲ့ Hot 60 5G ကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ ဒီဖုန်းမှာတော့ 4G သာရတဲ့ Hot 60 series ရဲ့ တခြားဖုန်းတွေနဲ့မတူဘဲ 5G ကို အပြည့်အဝထောက်ပံ့ပေးနိုင်တဲ့ MediaTek ရဲ့ Dimensity 7020 chipset ကို အသုံးပြုထားတာက အဓိကထူးခြားချက် ဖြစ်ပါတယ်။
Hot 60 5G ကို မျက်နှာပြင်ပြားဖြစ်တဲ့ 6.7 လက်မ IPS LCD (FHD+ 120Hz) နဲ့ တည်ဆောက်ထားပြီး Panda Glass ကာဗာကို အသုံးပြုထားပါတယ်။ Display ရဲ့ အမြင့်ဆုံးတောက်ပမှု (peak brightness) က 700 nits အထိရှိပြီး ရှေ့ဘက်မှာ 8 MP ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပါတယ်။
ကျောဘက်မှာတော့ f/1.6 aperture ပါဝင်တဲ့ 50MP main camera ကို အဓိကထားပြီး၊ အမျိုးအစားအတိအကျမဖော်ပြထားတဲ့ နောက်ထပ်ကင်မရာငယ်နှစ်လုံးနဲ့ တွဲဖက်ပေးထားပါတယ်။
ဒီဖုန်းမှာ IP64 ရေစိုခံ ဖုန်တင်ခံစနစ်ပါဝင်ပြီး Folax smart assistant ကို အမြန်ဖွင့်နိုင်မယ့် သီးသန့် AI ခလုတ်တစ်ခုလည်း ပါရှိပါတယ်။ ဒါ့အပြင် 3.5mm audio jack၊ FM Radio နဲ့ microSD card ထည့်သုံးနိုင်တာကြောင့် storage တိုးချဲ့နိုင်တဲ့ အားသာချက်တွေလည်း ပါဝင်ပါသေးတယ်။
Hot 60 5G မှာ 5,200mAh ဘက်ထရီနဲ့ 18W charging ပါဝင်ပြီး bypass charging (အားသွင်းရင်းသုံးနိုင်တဲ့စနစ်) နဲ့ reverse wired charging (ဖုန်းကနေတခြား device ကို အားပြန်ပေးနိုင်တဲ့စနစ်) တို့ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Software ပိုင်းမှာတော့ Android 15 ကိုအခြေခံထားတဲ့ XOS 15 ကိုသုံးထားပြီး Infinix က နှစ်နှစ်ကြာ security patches အာမခံပေးသွားမယ်လို့ ကတိပြုထားပါတယ်။
Infinix Hot 60 5G ကို Shadow Blue, Tundra Green, Sleek Black, နဲ့ Caramel Glow ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာပါ။ 6/128GB version အတွက် ဈေးနှုန်းကတော့ INR 10,499 (အမေရိကန်ဒေါ်လာ $122) ကျသင့်မှာဖြစ်ပါတယ်။ India မှာ July လ ၁၅ ရက်နေ့မှာ Infinix ရဲ့ တရားဝင် online store ကနေ စတင်ရောင်းချမှာဖြစ်ကြောင်း သိရပါတယ်။
Ref : gsmarena