Infinix ဟာ Hot 60i 4G ဖုန်းကို ဇူလိုင်လမှာ မိတ်ဆက်ခဲ့ပြီး ကတိပေးထားတဲ့အတိုင်းပဲ ဒီနေ့မှာ 5G မော်ဒယ်ကို မိတ်ဆက်လိုက်ပါတယ်။ Infinix Hot 60i 5G မှာ Dimensity 6400 SoC ကို သုံးထားပြီး Android 15 ကို အခြေခံထားတဲ့ XOS 15.1 နဲ့ လည်ပတ်မှာ ဖြစ်ပါတယ်။ RAM 4GB နဲ့ storage 128GB ပါဝင်ပြီး microSD card ကနေတစ်ဆင့် 2TB အထိ ထပ်တိုးနိုင်မှာပါ။

Infinix Hot 60i 5G arrives with the Dimensity 6400 SoC and 6,000 mAh battery

Infinix Hot 60i 5G ရဲ့ ရှေ့ဘက်မှာ 6.75 လက်မအရွယ် 120Hz HD+ LCD display ကို တပ်ဆင်ထားပြီး အမြင့်ဆုံး brightness 670 nits အထိ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Hot 60i 4G ရဲ့ display မှာ သုံးထားတဲ့ punch hole ဒီဇိုင်းအစား selfie ကင်မရာအတွက် notch ကိုပဲ သုံးထားပါတယ်။ Selfie ကင်မရာရဲ့ resolution ကိုလည်း 8MP ကနေ 5MP ကို လျှော့ချထားပါတယ်။

Infinix Hot 60i 5G with Dimensity 6400, 6000mAh battery is launching on  August 16 - Gizmochina

ကျောဘက်မှာတော့ 50MP ကင်မရာကို အဓိကထားတဲ့ ကင်မရာနှစ်လုံးတွဲစနစ် ပါဝင်ပါတယ်။ ဒုတိယကင်မရာက ဘာလုပ်ဆောင်တယ်ဆိုတာကိုတော့ Infinix က ပြောမသွားပါဘူး၊ ဒါပေမယ့် အကူကင်မရာတစ်လုံး ဖြစ်နိုင်ပါတယ်။ Infinix Hot 60i 5G မှာ 6,000 mAh ဘက်ထရီကို သုံးထားပြီး ဒါဟာ 4G မော်ဒယ်ထက် 840 mAh ပိုများတဲ့ ပမာဏဖြစ်ပါတယ်။ ဒါပေမယ့် အားသွင်းနှုန်းကိုတော့ 45W ကနေ 18W ကို သိသိသာသာ လျှော့ချထားပါတယ်။ အားသာချက်အနေနဲ့တော့ တခြားဖုန်းတွေကို 10W reverse wired charging နဲ့ ပြန်အားသွင်းပေးနိုင်တဲ့စနစ် ပါဝင်လာပါတယ်။

Infinix Hot 60i 5G ရဲ့ ကျန်တဲ့ အထူးခြားဆုံးအချက်တွေကတော့ Infinix AI၊ သီးသန့် microSD card ထည့်နိုင်တဲ့ slot၊ IP64 rating၊ IR blaster နဲ့ ဘေးဘက်လက်ဗွေစနစ်တို့ပဲ ဖြစ်ပါတယ်။

Infinix Hot 60i 5G ကို Shadow Blue, Sleek Black, Monsoon Green နဲ့ Plum Red ဆိုတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းက အိန္ဒိယရူပီး ၉,၂၉၉ ($105/€90) ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ Infinix ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေတဆင့် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး အရောင်းဆိုင်တွေနဲ့ Flipkart မှာလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : gsmarena