Infinix Hot 60i စမတ်ဖုန်းအသစ်ကို ကြေညာလိုက်ပြီး သူ့အရင် မော်ဒယ်လ်ဟောင်းထက် ပိုမိုပါးလွှာလာပေမယ့် ပိုကြီးပြီး အားအမြန်သွင်းနိုင်တဲ့ ဘက်ထရီပါဝင်လာသလို၊ ပိုပြီးလည်း ခိုင်ခံ့အောင် ထုတ်လုပ်ထားပါတယ်။ လောလောဆယ်မှာတော့ ဒီဖုန်းကို ဘင်္ဂလားဒေ့ရှ်နဲ့ ကင်ညာနိုင်ငံတွေမှာ ရရှိနိုင်ပြီဖြစ်ပြီး တခြားနေရာတွေမှာ ရနိုင်မလားဆိုတာကိုတော့ ထပ်မံစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Hot 60i ဟာ သူ့အရင် 50i လိုပဲ 6.7 လက်မအရွယ်အစားရှိတဲ့ IPS LCD မျက်နှာပြင်ကို သုံးထားပြီး 120Hz refresh rate နဲ့ Helio G81 Ultimate chipset တို့ ပါဝင်ပါတယ်။ မျက်နှာပြင်ရဲ့ အလင်းအားကတော့ 500 nits ကနေ 700 nits အထိ ပိုတောက်ပလာပေမယ့် resolution ကိုတော့ အဆင့်မြှင့်ထားခြင်းမရှိဘဲ 720p+ panel အဖြစ်ပဲ ဆက်ရှိနေပါတယ်။ အားသာချက်အနေနဲ့ Always On display လုပ်ဆောင်ချက် ပါဝင်လာပါတယ်။
ဘက်ထရီကတော့ 5,160mAh ပမာဏအထိ တိုးမြှင့်လာပြီး အရင် 50i မှာ 18W ပဲရခဲ့ရာကနေ အခု 45W အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဒီအားအမြန်သွင်းစနစ်ကြောင့် ဘက်ထရီ ၁% ကနေ ၅၀% ကို ၂၄ မိနစ်အတွင်း အားဖြည့်နိုင်မှာ ဖြစ်ပါတယ်။ Infinix က ဒီဘက်ထရီဟာ ၅ နှစ်အထိ (အားအကြိမ်ရေ ၁,၈၀၀) အသုံးခံမယ်လို့ အာမခံထားပါတယ်။
ဖုန်းရဲ့ ထောင့်လေးဘက်ကို အားဖြည့်ခိုင်ခံ့အောင် ပြုလုပ်ထားတဲ့အတွက် ၁.၅ မီတာ အမြင့်ကနေ ပြုတ်ကျတာကို ခံနိုင်ရည်ရှိမှာပါ။ ဒီဖုန်းဟာ IP64 အဆင့် သတ်မှတ်ချက်ရထားတာကြောင့် ဖုန်လုံပြီး ရေစင်တာကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ဖုန်းရဲ့ဘေးဘောင်အသစ်က ၇.၇ မီလီမီတာပဲ ထူပြီး အလေးချိန်က ၁၈၈ ဂရမ် ရှိပါတယ်။ ရောင်စုံဒီဇိုင်းတွေနဲ့ ရရှိနိုင်မှာပါ။
Infinix Hot 60i မှာ Hard Gyro စနစ် တပ်ဆင်ထားတဲ့အတွက် ဂိမ်းကစားရာမှာ လှုပ်ရှားမှုနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေအောက်ကားပါကင်တွေ၊ သစ်တောထူထပ်တဲ့နေရာတွေလို GPS မမိတဲ့ နေရာတွေမှာတောင် လမ်းကြောင်းရှာဖွေနိုင်လောက်အောင် တိကျပါတယ်။
ဖုန်းလိုင်းမမိတဲ့နေရာတွေမှာ အဆက်အသွယ်ပြတ်သွားခဲ့ရင်လည်း UltraLink ဆိုတဲ့ လုပ်ဆောင်ချက်က မီတာ ၅၀၀ အကွာအဝေးမှာရှိတဲ့ တခြားဖုန်းတွေနဲ့ ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုတာနဲ့ စာပို့တာတွေ ပြုလုပ်နိုင်စေမှာပါ။ အနီးကပ်ဒေတာတွေမျှဝေဖို့အတွက် NFC လည်း ပါဝင်ပါတယ်။ Remote Control အက်ပ်တွေအတွက် IR blaster လည်း တပ်ဆင်ပေးထားပါတယ်။ အခြားဆက်သွယ်မှုတွေအနေနဲ့ dual-SIM 4G၊ Wi-Fi 5 (ac)၊ Bluetooth 5.3၊ 3.5mm နားကြပ်ပေါက်နဲ့ FM ရေဒီယိုတို့တောင် ပါဝင်ပါသေးတယ်။
Helio G81 chip ကို 4/6/8GB LPDDR4X RAM နဲ့ 128/256GB eMMC 5.1 storage တို့နဲ့ တွဲဖက်ပေးထားပါတယ်။ microSD ကတ်ထည့်ပြီး 1TB အထိ ထပ်တိုးနိုင်ပါတယ်။
ကျောဘက်မှာ 1080p @ 30fps ဗီဒီယိုရိုက်ကူးနိုင်တဲ့ 50MP ကင်မရာတစ်လုံးနဲ့ Selfie အတွက် 8MP ကင်မရာတစ်လုံး ပါဝင်ပါတယ်။
Infinix Hot 60i မှာ Android 15 ကို အခြေခံထားတဲ့ XOS 15 ပါဝင်လာပါတယ်။ ပြီးတော့ AI စနစ်လည်းပါဝင်ပြီး ဘေးဘက်က One-Tap AI ခလုတ်ကိုနှိပ်ပြီး ချက်ချင်းခေါ်သုံးနိုင်မှာပါ။
Infinix Hot 60i ရဲ့ 6GB/128GB မော်ဒယ်လ်အတွက် ဘင်္ဂလားဒေ့ရှ် တာကာငွေ ၁၄,၀၀၀ (ယူရို ၉၈/ ဒေါ်လာ ၁၁၅) နဲ့ 8GB/256GB မော်ဒယ်လ်အတွက် တာကာငွေ ၁၆,၅၀၀ (ယူရို ၁၁၅/ ဒေါ်လာ ၁၃၅) ဈေးနှုန်း သတ်မှတ်ထားပါတယ်။
Ref : gsmarena