အခုနောက်ပိုင်းမှာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်း Brand တစ်ခုအဖြစ် အောင်မြင်လာတဲ့ Inifinix ဟာ နောက်ထပ် Infinix Note 12 Series ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ စမတ်ဖုန်းကိုတော့ Infinix Note 12 VIP လို့ နာမည်ပေးထားပြီး Specification ပိုင်းမှာ အားရဖို့ကောင်းတယ်လို့တောင် ပြောနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် Infinix စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 120W Fast Charging ကို Support ပေးထားတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် 0-100% အပြည့်အားသွင်းဖို့အတွက် အချိန် ၁၇ မိနစ်ပဲ ပေးရမှာဖြစ်ပါတယ်။ Infinix ကတော့ ယခုနည်းပညာကို Dual Charge Pump Setup လို့ နာမည်ပေးထားပါတယ်။ Battery Capacity အနေနဲ့ကတော့ 4500mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Infinix ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Fast Charging နည်းပညာကြောင့် Battery ကို ထိခိုက်မှုမရှိစေဖို့အတွက် Temperature Sensor ၁၈ ခု၊ Protection Feature ပေါင်း ၁၀၃ ခုအထိ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Battery ဟာ Battery Cycle ၈၀၀ ပြည့်သွားရင်တောင်မှ Capacity 85% ရှိနေဦးမှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ 120Hz Refresh Rate ပါဝင်တဲ့ 6.7″ Full HD+ AMOLED Display ၊ 108MP Primary Sensor ၊ 13MP Ultrawide Sensor နဲ့ Depth Sensor တွေပါဝင်တဲ့ Triple Back Camera Setup ကို ထည့်သွင်းပေးထားပါတယ်။ Back Camera အနေနဲ့ Laser Autofocus Feature ပါဝင်မှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ MediaTek Helio G96 Processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 8GB ပါဝင်ပြီးတော့ Virtual RAM 5GB ထပ်တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ DTS Sound ပါဝင်တဲ့ Dual Speaker ပါဝင်သလို Haptic Feedback အတွက်လည်း Dual X-Axis Linear Motor ထည့်သွင်းပေးထားပါတယ်။

Infinix Note 12 VIP စမတ်ဖုန်းကိုတော့ တချို့သော Region တွေမှာပဲ ဒေါ်လာ ၃၀၀ ဝန်းကျင် (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး Fast Charging ပိုင်းနဲ့ တခြားသော Specification ပိုင်း လျော့ထားတဲ့ Infinix Note 12 (G96) ဖုန်းကိုတော့ ဒေါ်လာ ၂၀၀ ဝန်းကျင် (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena