စွမ်းရည်သင့် ဖုန်းမှာ အားသွင်း အမြန်နှုန်းကို ဦးစားပေး ဖန်တီးထားတဲ့ Infinix Note 30 VIP ကို ကြေညာလိုက်ပါတယ်။ 5,000mAh Battery ထည့်သွင်းထားပြီး 68W Wired နဲ့ 50W Wireless Charging ထောက်ပံ့ထားပါတယ်။ ကြိုးမဲ့ အားသွင်းရင် ၃၀ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ကြိုးနဲ့အားသွင်းရင် ၈၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။

The Infinix Note 30 VIP brings 68W wired and 50W wireless charging

Note 30 VIP မှာ Bypass Charging ပါလာပြီး Battery ဟာ ၃၀ ရာခိုင်နှုန်းကို ရောက်ရင် လျှပ်စီးကြောင်းဟာ Battery ကို ကျော်ကာ Motherboard ကို တန်းသွားနိုင်ပါတယ်။ အဲဒါဟာ အားသွင်းတာနဲ့ ဂိမ်းကစားတာကို တစ်ပြိုင်နက် လုပ်တဲ့အခါ အပူလွန်ကဲတာကို လျှော့ချပေးပါတယ်။

Infinix က ဒီလုပ်ဆောင်ချက်ဟာ အပူချိန်ကို ၇ ဒီဂရီအထိ လျှော့ချပေးတယ်လို့ ပြောပါတယ်။ 2890mm2 Liquid Cooling Vapor Chamber နဲ့ ပေါင်းလိုက်ရင် ဖုန်းဟာ ဂိမ်းကစားနေချိန်မှာ အပူချိန် မများအောင်ထိန်းပေးထားနိုင်ပါတယ်။

The Infinix Note 30 VIP brings 68W wired and 50W wireless charging

Infinix Note 30 VIP မှာ 6.67” 1080x2400p AMOLED မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate နဲ့ 360Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ 6nm MediaTek Dimensity 8050 မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage ထည့်ထားပါတယ်။

108MP Main , 2MP , 2MP ကင်မရာ ၃ လုံးကို အနောက်ဘက်နဲ့ 32MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ JBL က Tune လုပ်ထားတဲ့ စပီကာ ၂ လုံး ပါလာပြီး IP53 စံနှုန်း ရှိတဲ့အတွက် ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။ Magic Black နဲ့ Glacier Blue ၂ ရောင် ထုတ်လုပ်ထားပြီး ၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena