Infinix က Note Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး Infinix Note 30i လို့ အမည်ပေးထားပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ အဲဒီ စမတ်ဖုန်းရဲ့ Specs အပြည့်အစုံကို တင်ထားပါတယ်။

Infinix Note 30i announced with Helio G85 and 64MP main cam

Note 30i မှာ 6.6 Inch AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ပါပါတယ်။ Punch Hole မှာ 16MP အရှေ့ ကင်မရာ ထည့်သွင်းထားပါတယ်။ MediaTek Helio G85 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။

အနောက်ဘက်မှာ 64MP Main ကင်မရာနဲ့ Resolution မသိတဲ့ Auxiliary ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ JBL က Tune လုပ်ထားတဲ့ စတီရီယို စပီကာတွေ တပ်ဆင်ထားပြီး Android 13 အခြေပြု XOS 13 မောင်းနှင်ထားပါတယ်။

Note 30i in Variable Goldkey specs

Note 30i မှာ 33W Charging ပါတဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Reverse Wired Charging ပါတဲ့အတွက် ပါဝါဘန့်လို အသုံးပြုနိုင်ပါတယ်။ IP53 စံနှုန်း ပါတဲ့အတွက် ရေစက်ရေပေါက်တွေကို ခံနိုင်ပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။

Infinix 30i အတွက် Variable Gold, Obsidian Black နဲ့ Impression Green အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် ရက်ကို မသိရသေးပါဘူး။

Ref: gsmarena