Infinix က အင်ဒိုနီးရှားမှာ Note 50 (4G) နဲ့ Note 50 Pro (4G) ကို ကြေညာလိုက်ပါတယ်။
အဲဒီဖုန်း ၂ လုံးမှာ 6.78” AMOLED Full HD+ Display တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 1,300 Nits Peak Brightness ပါလာပါတယ်။ MediaTek Helio G100 Ultimate Chipset မောင်းနှင်ထားပါတယ်။ Standard Model အတွက် 8+256GB Version ထုတ်လုပ်ထားပြီး 8GB Virtual RAM အထိ တိုးမြှင့်နိုင်ပါတယ်။ Pro Version အတွက် 8+256GB နဲ့ 12+256GB Version ထုတ်လုပ်ထားပြီး 12GB Virtual RAM အထိ တိုးမြှင့်နိုင်ပါတယ်။
အဲဒီဖုန်း ၂ လုံးမှာ 5,200mAh Battery ပါလာပါတယ်။ Standard Model မှာ 45W Wired , 10W Reverse Charging နဲ့ Pro မှာ 90W Wired , 30W Wireless Charging ထည့်ထားပါတယ်။
Note 50 မှာ အနောက်ကင်မရာ ၃ လုံး ပါလာပြီး 50MP Main (OIS), 2MP Macro နဲ့ AI Lens တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 13MP ဖြစ်ပါတယ်။ Note 50 Pro မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP (OIS), 8MP Ultrawide , Flicker ကင်မရာ ပါလာပါတယ်။
Infinix Note 50 Series မှာ Infinix AI ကို မိတ်ဆက်လာပြီး အလုပ်လုပ်ရာမှာ များစွာ ကူညီပေးနိုင်ပါတယ်။ ပါဝါခလုတ်ကို တစ်ချက်နှိပ်လိုက်ရင် AI ကို အသုံးပြုနိုင်ပြီး မေးခွန်း မေးတာ၊ ဓါတ်ပုံ ပြင်တာ၊ စာသားတွေကို ပြင်ဆင်တာ၊ AI-generated Content ကို ကြည့်ရှုတာတွေ ပြုလုပ်နိုင်ပါတယ်။ AI က Navigation ၊ ပျောက်ဆုံးနေတဲ့ ဓါတ်ပုံတွေကို ရှာတာနဲ့ စာသားတွေကို အကျဉ်းချုပ်ပေးတာ စတဲ့ နေ့စဉ် အလုပ်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဆက်သွယ်ရေးအတွက် Real-time Call Translation ၊ Auto-call Answering တွေ ပါလာပါတယ်။
အဲဒီဖုန်း ၂ လုံးမှာ Android 15 အခြေပြု XOS 15 မောင်းနှင်ထားပြီး In-display Fingerprint Sensor ပါပါတယ်။
Infinix Note 50 ရဲ့ 8+256GB ကို ၁၇၅ ဒေါ်လာ သတ်မှတ်ထားပြီး Mountain Shade, Ruby Red, Shadow Black နဲ့ Titanium Grey ၄ ရောင်နဲ့ လာပါတယ်။
Note 50 Pro ရဲ့ 8+256GB ကို ၁၉၅ ဒေါ်လာ သတ်မှတ်ထားပြီး Dreamy Purple, Sleek Black နဲ့ Titanium Grey အရောင်တွေ ထုတ်လုပ်ထားပါတယ်။
Ref : Gizmochina