Infinix Note 50 Series ရဲ့ စွမ်းရည်အမြင့်ဆုံး Pro+ ကို ကြေညာလိုက်ပြီး 5G ဆက်သွယ်မှု ပါလာပါတယ်။ အဲဒီဖုန်းမှာ Folax လို့ခေါ်တဲ့ AI Assistant အသစ်ကို မိတ်ဆက်ထားပါတယ်။
Infinix Note 50 Pro+ မှာ ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့ Pro 4G နဲ့ တူညီမှုများစွာ ပါလာပါတယ်။ မာကျောတဲ့ သတ္တု ဖရိမ် ကိုယ်ထည်၊ 6.78” AMOLED Display ၊ 144Hz Refresh Rate ၊ UD Fingerprint Scanner နဲ့ 5,200mAh Battery တွေ ပါပါတယ်။
Plus မှာ Dimensity 8350 Chipset ကို သုံးထားပြီး စွမ်းရည်မြင့်တဲ့အတွက် AI Features တွေကို ကိုင်တွယ်နိုင်ပါတယ်။ Folax AI Assistant အသစ်မှာ ဓါတ်ပုံ တည်းဖြတ်ဖို့အတွက် AI Eraser , AI Cutout တို့ပါလာသလို AI Writing, AI Note, AI Wallpaper Generator တွေ ထည့်သွင်းထားပါတယ်။ Real-Time Call Translator , Call Summary , AI Auto-Answer တွေလည်း ပါလာပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main နဲ့ 3x Telephoto ကင်မရာတွေ ပါပါတယ်။
5,200mAh Battery ထည့်သွင်းထားပြီး 100W Wired Charging ပါလာပါတယ်။ ၃၂ မိနစ်ထဲနဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 50W Wireless MagCharge လည်း ပါလာပြီး Wireless Charger ကို ဖုန်း အနောက်ဘက်မှာသံလိုက်နဲ့ လွယ်ကူစွာ ကပ်ကာ အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် 10W Wired နဲ့ 7.5W Wireless Reverse Charging လည်း ပါပါတယ်။
Android 15 အခြေပြု XOS 15 မောင်းနှင်ထားပြီး Xboost AI Game Engine ပါတဲ့အတွက် ဂိမ်းကစားရင် တော်တော် မိုက်မှာပါ။ 5.5G ကွန်ရက်ကို ထောက်ပံ့ထားပြီး 5G+ လို့ ပြောနိုင်ပါတယ်။ Wireless နဲ့ Cellular Data ကို ပေါင်းစပ်ထားတဲ့ Super WiFi 2.0 က Upload Speed ကို ၁၃၁ ရာခိုင်နှုန်းနဲ့ Download Speed ကို ၆၀၆ ရာခိုင်နှုန်း တိုးတက်စေပါတယ်။
Titanium Gray, Enchanted Purple နဲ့ Racing Edition ၃ ရောင် ထုတ်လုပ်ထားပြီး 12GB RAM/ 256GB Storage ပါတဲ့ မော်ဒယ်ကို ၃၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena