Infinix က စွမ်းရည်သင့် Note 50 Series ရဲ့ စတုတ္ထမြောက် Note 50x ကို ကြေညာလိုက်ပါတယ်။ အဲဒီ Series ထဲမှာ ဈေးအချိုဆုံး ဖြစ်ပါတယ်။

Infinix Note 50x is official with strong body and big battery

Note 50x မှာ 6.67” LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate , 672 Nits Peak Brightness ပါပါတယ်။ Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ထားပေမယ့် 50MP Main ကိုပဲ သိရပါသေးတယ်။ 4K Video ရိုက်ကူးနိုင်ပြီး Post-processing အတွက် AI Eraser လို AI Feature တွေ ထည့်သွင်းထားပါတယ်။

Infinix Note 50x is official with strong body and big battery

Dimensity 7300 Ultimate Chipset ထည့်သွင်းထားပြီး Android 15 အခြေပြု XOS 15 ပါလာပါတယ်။ Generative AI Feature တွေ ထည့်သွင်းထားပြီး Wallpaper Generator , Writing Assistant , Folax Voice Assistant နဲ့ Circle to Search တွေ ပါပါတယ်။

Infinix Note 50x is official with strong body and big battery

45W Charging , 10W Wired Reverse Charging ပါတဲ့ 5,500mAh Battery ထည့်သွင်းထားပြီး IP64 နဲ့ MIL-STD-810H Certification ရထားပါတယ်။ Sunset Spice Pink (Brown), Enchanted Purple နဲ့ Titanium Gray အရောင် ထုတ်လုပ်ထားပြီး အနောက်ဘက်မှာ သားရေ အတု ပါတဲ့ Sea Breeze Green လည်း ထုတ်လုပ်ထားပါတယ်။

Infinix Note 50x is official with strong body and big battery

Infinix Note 50x အတွက် 6GB or 8GB RAM ထုတ်လုပ်ထားပြီး 128G Storage ပါပါတယ်။ ၁၃၅ ဒေါ်လာနဲ့ ၁၅၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gsmarena