ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့ Smart 7 ရဲ့ မျိုးဆက်သစ် Infinix Smart 8 ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ စမတ်ဖုန်း အသစ်ဟာ Tecno Pop 8 နဲ့ ဆင်တူပါတယ်။ Infinix နဲ့ Tecno တို့ဟာ Transsion Holdings လက်အောက်မှာ ရှိတဲ့အတွက် ဒါဟာ အံ့အားသင့်စရာ မကောင်းပါဘူး။

Infinix Smart 8 key specs

Smart 8 မှာ 6.6” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်မှာ Punch Hole Cutout ထည့်သွင်းထားပြီး Status Update နဲ့ အားသွင်းနှုန်း သတင်းအချက်အလက်ကို ပြသပေးတဲ့ Dynamic Island လို UI ပါပါတယ်။

Infinix Smart 8 With 90Hz Display Launched In Nigeria - Gizmochina

Unisoc T606 Chipset နဲ့အတူ 3GB RAM , 64GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main , VGA Depth Helper နဲ့ LED Flash တပ်ဆင်ထားပါတယ်။

Android 13 အခြေပြု Infinix XOS 13 မောင်းနှင်ထားပြီး 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Infinix Smart 8 အတွက် Timber Black , Galaxy White, Crystal Green နဲ့ Shiny Gold အရောင်တွေ ထုတ်လုပ်ထားပြီး ၁၀၅ ဒေါ်လာပဲ တန်ကြေး ရှိပါတယ်။

Ref : gsmarena