Infinix က Smart 8 HD ကို ကြေညာလိုက်ပြီး တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း ဖြစ်ပါတယ်။ 3GB RAM/32GB Storage Version ကို ၆,၂၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂၅၀,၀၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ အိန္ဒိယမှာ Flipkart ကနေ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Infinix Smart 8 HD မှာ UniSOC T606 SoC မောင်းနှင်ထားပြီး Mali G57 GPU ပါပါတယ်။ 3GB RAM+32GB Storage ထုတ်လုပ်ထားပြီး 2TB microSD Card စိုက်နိုင်ပါတယ်။ Android 13 (Go Edition) အခြေပြု XOS 13 Custom Skin ပါပါတယ်။

6.6” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate, 180Hz Touch Sampling Rate , 500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 13MP Main နဲ့ AI Sensor ၂ လုံး ပါလာပြီး 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ Apple Dynamic Island နဲ့တူတဲ့ Magic Ring လုပ်ဆောင်ချက် ပါပါတယ်။

Infinix Smart 8 HD မှာ 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး 4G LTE, Bluetooth 5.1, Dual-band WiFi နဲ့ GPS Support ပါပါတယ်။ 3GB Virtual RAM , Photo Compressor , Eye Care, AI Gallery , Gestures စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။  Crystal Green, Shiny Gold, Timber Black နဲ့ Galaxy White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina