Infinix က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Unisoc T606 SoC နဲ့ 13MP Main ကင်မရာ ပါတဲ့ Smart 8 ကို ကြေညာခဲ့ပါတယ်။ အခုတော့ Smart 8 ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပေမယ့် Helio G36 SoC နဲ့ 50MP Main ကင်မရာ ထည့်သွင်းထားပါတယ်။

Infinix Smart 8 launches in India with the Helio G36 SoC, higher-res camera

50MP ကင်မရာကို Auxiliary လို့ ထင်ရတဲ့ အမည်မသိ ကင်မရာ ၁ လုံးနဲ့ အားဖြည့်ထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် အထက် အလယ်က Punch Hole မှာ တပ်ဆင်ထားပြီး မျက်နှာပြင်က 500 Nits Peak Brightness ထောက်ပံ့တဲ့ 6.6” 90Hz HD+ LCD ဖြစ်ပါတယ်။

Unisoc Version မှာလိုပဲ MediaTek Version မှာ အားသွင်းနှုန်းနဲ့ Background Call တွေကို ပြသပေးတဲ့ Dynamic Island နဲ့တူတဲ့ Magic Ring လုပ်ဆောင်ချက် ပါပါတယ်။ MediaTek မော်ဒယ်မှာ Android 13 Go အခြေပြု XOS 13 မောင်းနှင်ထားပြီး 4GB/64GB Memory Configuration ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။

Infinix Smart 8 launches in India with the Helio G36 SoC, higher-res camera

ဘေးဘက်လက်ဗွေရာ ကိရိယာ၊ USB-C ၊ ဆဲလ်ဖီး Flashlight နဲ့ 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ DTS Sound Processing လည်းပါလာပါတယ်။

Infinix Smart 8 ကို ၇,၄၉၉ ရူပီး ( ၉၀ ဒေါ်လာ) သတ်မှတ်ထားပြီး မြန်မာငွေနဲ့ဆိုရင် ၃ သိန်းစွန်းစွန်းပဲ ရှိပါတယ်။ Rainbow Blue, Shiny Gold, Timber Black နဲ့ Galaxy White အရောင်တွေ ထုတ်လုပ်ထားပြီး အိန္ဒိယမှာ Flipkart ကနေ မကြာခင် ရောင်းမှာပါ။

Ref : gsmarena