Huawei က ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်းကို အရင်နှစ် စက်တင်ဘာလက ကြေညာခဲ့ပါတယ်။ အခုတော့ Infinix က ၃ ခေါက်ချိုး Concept ဖုန်းကို ပြသလိုက်ပါတယ်။ Infinix ZERO Series Mini Tri-Fold Concept လို့ အမည်ပေးထားပြီး Hinge ၂ ခု ပါပါတယ်။ ထူးခြားတာက ဒေါင်လိုက် ခေါက်ချိုးဖုန်း ဖြစ်ပြီး ပုံစံမျိုးစုံ အသုံးပြုနိုင်ပါတယ်။
Huawei ရဲ့ ၃ ခေါက်ချိုးဖုန်းက အလျားလိုက် ခေါက်ချိုးတာ ဖြစ်ပြီး ဖြန့်လိုက်ရင် တက်ဘလက်လို သုံးနိုင်ပါတယ်။ Infinix ရဲ့ ၃ ခေါက်ချိုးဖုန်းက ဒေါင်လိုက် ဖြစ်ပြီး စမတ်ဖုန်းလို သုံးနိုင်သလို လေ့ကျင့်ခန်းလုပ်ရင်လည်း အသုံးပြုနိုင်ပါတယ်။ အရွယ်အစား သေးငယ်တဲ့ ကင်မရာ စနစ်လိုလည်း သုံးနိုင်ပါတယ်။ အဲဒီဖုန်းကို Gym ကိရိယာတွေမှာ တပ်ဆင်ကာ လေ့ကျင့်ခန်းကို စောင့်ကြည့်နိုင်ပါတယ်။ ကျောပိုးအိတ်မှာ တပ်ဆင်ပြီး Action ကင်မရာလို သုံးနိုင်ပါတယ်။
ဖုန်းကိုခေါက်ချိုးထားရင် Screen ၂ ခုကို သုံးနိုင်ပါတယ်။ နိုင်ငံခြားသားတွေနဲ့ စကားပြောရင် ဘာသာပြန်တာကို Screen ၂ ခုကနေ ၂ ယောက်စလုံးက ကြည့်နိုင်ပါတယ်။ ပင်မ ကင်မရာနဲ့ ဓါတ်ပုံရိုက်တဲ့အခါမှာ Screen ကနေ ကြည့်နိုင်ပါတယ်။
Gym ကိရိယာ၊ စက်ဘီး လက်ကိုင်နဲ့ ကား Dashboard မှာ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေကို စောင့်ကြည့်တာ၊ စက်ဘီးစီးတဲ့ လမ်းကြောင်းတွေကို ကြည့်တာတွေကို ပြုလုပ်နိုင်ပါတယ်။ ဖုန်းကို ခေါက်ချိုးထားရင် အရွယ်အစား သေးငယ်တဲ့ စမတ်ဖုန်းလို သုံးနိုင်ပါတယ်။
Infinix က အဲဒီဖုန်းကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။
Ref : gizmochina