Infinix ကုမ္ပဏီဟာ ပြီးခဲ့တဲ့အပတ်က ဂိမ်းအသားပေး Xpad GT တက်ဘလက်ကို မိတ်ဆက်ခဲ့ပြီးနောက် အခုအခါမှာတော့ ဈေးနှုန်းပိုမိုသက်သာတဲ့ Xpad 20 ကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီခင်ဗျာ။ ဒီ Xpad 20 ဟာ မျက်နှာပြင် 11” ရှိပြီး 7,000mAh ဘက်ထရီ၊ Android 15 စနစ်တို့နဲ့အတူ AI (Artificial Intelligence)  လုပ်ဆောင်ချက်များစွာလည်း ပါဝင်လာပါတယ်။

Infinix Xpad 20 debuts with 11” LCD, AI smarts and 7,000mAh battery

ဒီတက်ဘလက်မှာ ChatGPT နည်းပညာသုံး Infinix ရဲ့ Folax အမည်ရ ကိုယ်ရေးလက်ထောက် (assistant) ပါဝင်လာပြီး အသံ၊ စာသား၊ ရုပ်ပုံနဲ့ စာရွက်စာတမ်းတွေကို AI နဲ့ ဘာသာပြန်ပေးနိုင်တဲ့ လုပ်ဆောင်ချက်လည်း ထည့်သွင်းပေးထားပါတယ်ခင်ဗျာ။ ဒါ့အပြင် Replit နည်းပညာသုံး AI programming tool တစ်ခုလည်း တက်ဘလက်ထဲမှာ တစ်ပါတည်းပါဝင်လာတာကြောင့် ဝက်ဘ်ဆိုဒ်တွေ၊ ဂိမ်းတွေနဲ့ အက်ပလီကေးရှင်းတွေကို တက်ဘလက်ပေါ်ကနေ တိုက်ရိုက်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Infinix Xpad 20

ကျန်တဲ့ Specs တွေကို ပြောရရင် Xpad 20 မှာ FHD+ resolution နဲ့ 90Hz refresh rate ရှိတဲ့ 11” IPS LCD မျက်နှာပြင်ကို သုံးထားပါတယ်။ ဗီဒီယိုခေါ်ဆိုမှုတွေအတွက် အဆင်ပြေနိုင်မယ့် 5MP ရှေ့ကင်မရာတစ်လုံးတပ်ဆင်ထားပြီး ကျောဘက်မှာတော့ 8MP ကင်မရာတစ်လုံးနဲ့ LED flash မီးသီးတစ်ခု ပါဝင်ပါတယ်ခင်ဗျာ။

Xpad 20 မှာ MediaTek ရဲ့ Helio G88 chipset ကို အသုံးပြုထားပါတယ်။ RAM 4GB/6GB/8GB နဲ့ storage 128GB/256GB ဆိုပြီး ရွေးချယ်စရာ အမျိုးမျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ဆင်းမ်ကတ်သုံးပြီး ဖုန်းခေါ်ဆိုမှုတွေပြုလုပ်နိုင်ဖို့ nano SIM ကတ်ပေါက်တစ်ခုနဲ့ storage ထပ်တိုးနိုင်ဖို့ microSD ကတ်ပေါက်တစ်ခုလည်း ပါရှိပါတယ်ခင်ဗျာ။

7,000mAh ဘက်ထရီအတွက် 10W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး OTG (On-The-Go) support လည်းပါတာကြောင့် တခြားဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။

Infinix Xpad 20 ကို Stellar Grey ၊ ، Forest Gree ၊، Dreamy Purple  နဲ့ Rising Red  ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ Infinix ဘက်ကတော့ ဈေးနှုန်းနဲ့ ဘယ်အချိန်မှာ စတင်ရောင်းချမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လောလောဆယ် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Ref : gsmarena