Infinix XPad GT Gaming တက်ဘလက်ကို Snapdragon 888 ချစ်ပ်ဆက်ဖြင့် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ၎င်းတွင် အအေးပေးစနစ်အတွက် vapor chamber အကြီးစားတစ်ခု ပါရှိပါတယ်။ RAM 8GB နှင့် သိုလှောင်မှု 256GB ပါဝင်ပြီး 144Hz refresh rate ရှိတဲ့ 13 လက်မ မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။

The Infinix Xpad GT has a large 13” 144Hz HDR10 display

13 လက်မ မျက်နှာပြင်ဟာ HDR10 ကို ထောက်ပံ့ပေးထားသော 10-bit panel ဖြစ်ပြီး 2,880 x 1,840px resolution နှင့် အမြင့်ဆုံးတောက်ပမှု 700 nits ရှိပါတယ်။ စပီကာ ၈ လုံးနှင့် DTS နည်းပညာပါ 3D အသံစနစ်လည်း ပါဝင်ပါတယ်။ နားကြပ်ပေါက်မပါဝင်သော်လည်း USB-C to 3.5mm adapter တစ်ခု ထည့်သွင်းပေးထားပါတယ်။

Infinix Xpad GT gaming tablet unveiled with 13'' 144Hz display and Snapdragon 888

၂၀၂၁ ခုနှစ်ထုတ် Snapdragon 888 Chipset မောင်းနှင်ထားပါတယ်။ တက်ဘလက်နှင့်အတူ vegan leather ဖြင့်ပြုလုပ်ထားသော ကာဗာတစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။ သီးသန့်ဝယ်ယူနိုင်တဲ့ ဆက်စပ်ပစ္စည်းများမှာ trackpad ပါတဲ့ ကီးဘုတ်နှင့် stylus တို့ ပါဝင်ပါတယ်။ ၆.၅ မီလီမီတာသာထူတဲ့ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး 33W အားသွင်းစနစ်ပါဝင်သည့် 10,000mAh ဘက်ထရီကို အသုံးပြုထားပါတယ်။

Infinix Xpad GT gaming tablet unveiled with 13'' 144Hz display and Snapdragon 888

ကျောဘက်မှာ 13MP ကင်မရာနှင့် ရှေ့ဘက်မှာ 9MP ကင်မရာတို့ကို တပ်ဆင်ထားပါတယ်။ 8/256GB Stellar Grey တစ်မျိုးတည်းသာ ရရှိနိုင်ပြီး မလေးရှားရင်းဂစ် ၁,၇၀၀ (အမေရိကန်ဒေါ်လာ ၄၀၀/ယူရို ၃၅၅/ရူပီး ၃၄,၁၅၀ ခန့်) ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ကြိုတင်မှာယူသူများအတွက် ကီးဘုတ်နှင့် stylus တို့ကို အခမဲ့လက်ဆောင်အဖြစ် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Infinix ရဲ့ အဆိုအရ XPad GT ဟာ Standoff 2 တွင် 144fps၊ Honor of Kings နှင့် Mobile Legends တွင် 120fps နှင့် PUBG တွင် 90fps အထိ ဂိမ်းကစားနိုင်စွမ်းရှိတယ်လို့သိရပါတယ်။

Ref : gsmarena