ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Facebook အပါအဝင် တခြားသော Facebook က ပိုင်ဆိုင်တဲ့ Service တွေဖြစ်တဲ့ Instagram ၊ WhatsApp လိုမျိုး Service တွေပါ Server Error ကြောင့် အသုံးပြုနိုင်ခြင်းမရှိဘဲ အချိန် ၆ နာရီလောက်အထိ Service Outrage ဖြစ်ပွားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Server Issue အချို့ကြောင့် အသုံးပြုတဲ့အချိန်မှာ ပြဿနာအနည်းငယ်ရှိနေခဲ့ပါသေးတယ်။

အခုအချိန်မှာတေ့ာ တကယ်လို့နောက်ပိုင်းမှာ အလားတူ Service Outrage တွေဖြစ်လာမယ်ဆိုရင် အသုံးပြုနိုင်မယ့် Feature တစ်ခုကို Instagram ကနေ စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ ဒါကတော့ Application ထဲမှာ In-app Notification တစ်ခုအနေနဲ့ တကယ်လို့ Service Outrage သို့မဟုတ် တခြားသော Technical Issue တစ်ခုခုရှိနေရင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ Status ကို ပုံမှန် Notification အတိုင်းပဲ Instagram ရဲ့ Activity Tab မှာ မြင်တွေ့ရမှာဖြစ်တယ်လို့သိရပါတယ်။ Instagram ရဲ့ ပြောကြားချက်အရတော့ တော်ရုံ Issue သေးသေးလေးတွေကိုတော့ အမြဲတမ်းအသိပေးသွားမှာမဟုတ်ပေမယ့် အသုံးပြုမှုကို ထိခိုက်စေတဲ့ Issue တွေရှိလာရင်တော့ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ပြုလုပ်လိုက်တာက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက Service Outrage ဖြစ်ပွားသလိုမျိုး ဘာကြောင့်ဖြစ်ပွားမှန်းကို လိုက်ရှာဖွေစရာလိုအပ်တော့မှာတော့ မဟုတ်ပါဘူး။

နောက်ထပ်လည်း Instagram ကနေ Account Status ဆိုပြီး Feature အသစ်ကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါက Facebook နဲ့ ဆင်တူပြီး ကိုယ့် Account မှာ တင်ထားတဲ့ Post တွေကို Copyright နဲ့ ဖယ်ရှားခဲ့ရတာမျိုး၊ Report ပြုလုပ်ခံရတာမျိုးရှိလာပြီဆိုရင် Disable ပြုလုပ်ခံရနိုင်တယ်ဆိုတာကို အသိပေးသွားမှာဖြစ်ပါတယ်။

Instagram ဟာ ယခု Feature ၂ ခုကို လက်ရှိအချိန်အထိ စတင်စမ်းသပ်နေဆဲဖြစ်တဲ့အတွက် လောလောဆယ်မှာတော့ အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း မကြာခင်အချိန်အတွင်းမှာ တရားဝင် Update နဲ့အတူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – Engadget