[Zawgyi]

Facebook ဟာ Watch Party အမည္ရတဲ့ Feature ကို မိတ္ဆက္ေပးခဲ့ၿပီးတဲ့ေနာက္ Facebook အသုံးျပဳသူေတြဟာ အုပ္စုဖြဲ႕ၿပီး ဗြီဒီယိုတစ္ခုကို မွ်ေဝၾကည့္ရႈႏိုင္ခဲ့ၾကပါတယ္။ ဒီ Feature ကို ကမာၻအႏွံ႔က သုံးစြဲသူေတြက အေတာ္ေလးကို ႀကိဳက္ႏွစ္သက္ခဲ့ၿပီး ေအာင္ျမင္မႈရတယ္လို႔ ဆိုရမွာပါ။

အခုေတာ့ ဒီလိုမ်ိဳး အလားတူ Feature ကို Instagram မွာလည္း သုံးစြဲလို႔ ရလာဖြယ္ရွိတယ္လို႔ သိရပါတယ္။ Instagram ဟာ အသုံးျပဳသူေတြအေနနဲ႔ ဗြီဒီယိုေတြကို မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ အတူၾကည့္လို႔ရေအာင္လို႔ လုပ္ေဆာင္ေနေၾကာင္းကိုလည္း Reverse-engineering expert Jane Manchun Wong က ေျပာပါတယ္။

Wong ရဲ႕ ေျပာဆိုခ်က္အရ ဒီ Feature ဟာ Instagram Direct in video call ေတြမွာ ရလာဖြယ္ရွိေၾကာင္းလည္း သိရပါတယ္။ ဒီအေၾကာင္းကို Wong က Snapshots ႐ိုက္ကူးမွ်ေဝခဲ့တာျဖစ္ပါတယ္။ Instagram အသုံးျပဳသူအေနနဲ႔ playlist ဒါမွမဟုတ္ အျခားတစ္ေယာက္ေယာက္ရဲ႕ အႀကံျပဳမႈကတစ္ဆင့္ ဗြီဒီယိုကို အတူတစ္ကြ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

ဒီ Feature နဲ႔ ပတ္သက္ၿပီး အခုလို သတင္းထြက္ေပၚလာေပမယ့္ Instagram ကေတာ့ မွတ္ခ်က္တစ္စုံတစ္ရာ ေပးခဲ့ျခင္း မရွိေသးတာကိုလည္း ေတြ႕ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Instagram ဟာလည္း Facebook ရဲ႕ပိုင္ဆိုင္မႈေအာက္မွာ ရွိေနတာေၾကာင့္ ဒီ Feature ဟာ အမွန္တကယ္ အသုံးျပဳလာႏိုင္ဖြယ္လည္း ရွိေနတာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Instagram မှာလည်း သူငယ်ချင်းတွေနဲ့မျှဝေပြီး ဗွီဒီယိုကြည့်နိုင်လာဖွယ်ရှိ

Facebook ဟာ Watch Party အမည်ရတဲ့ Feature ကို မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက် Facebook အသုံးပြုသူတွေဟာ အုပ်စုဖွဲ့ပြီး ဗွီဒီယိုတစ်ခုကို မျှဝေကြည့်ရှုနိုင်ခဲ့ကြပါတယ်။ ဒီ Feature ကို ကမ္ဘာအနှံ့က သုံးစွဲသူတွေက အတော်လေးကို ကြိုက်နှစ်သက်ခဲ့ပြီး အောင်မြင်မှုရတယ်လို့ ဆိုရမှာပါ။

အခုတော့ ဒီလိုမျိုး အလားတူ Feature ကို Instagram မှာလည်း သုံးစွဲလို့ ရလာဖွယ်ရှိတယ်လို့ သိရပါတယ်။ Instagram ဟာ အသုံးပြုသူတွေအနေနဲ့ ဗွီဒီယိုတွေကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူကြည့်လို့ရအောင်လို့ လုပ်ဆောင်နေကြောင်းကိုလည်း Reverse-engineering expert Jane Manchun Wong က ပြောပါတယ်။

Wong ရဲ့ ပြောဆိုချက်အရ ဒီ Feature ဟာ Instagram Direct in video call တွေမှာ ရလာဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ဒီအကြောင်းကို Wong က Snapshots ရိုက်ကူးမျှဝေခဲ့တာဖြစ်ပါတယ်။ Instagram အသုံးပြုသူအနေနဲ့ playlist ဒါမှမဟုတ် အခြားတစ်ယောက်ယောက်ရဲ့ အကြံပြုမှုကတစ်ဆင့် ဗွီဒီယိုကို အတူတစ်ကွ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီ Feature နဲ့ ပတ်သက်ပြီး အခုလို သတင်းထွက်ပေါ်လာပေမယ့် Instagram ကတော့ မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိသေးတာကိုလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Instagram ဟာလည်း Facebook ရဲ့ပိုင်ဆိုင်မှုအောက်မှာ ရှိနေတာကြောင့် ဒီ Feature ဟာ အမှန်တကယ် အသုံးပြုလာနိုင်ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။

Ref: GSMArena