Instagram ဟာ လက်ရှိအချိန်မှာ အသုံးပြုသူတွေအတွက် Feature အသစ်တွေကို ဆက်တိုက်ထုတ်ပေးနေတယ်လို့တောင် ပြောနိုင်ပါတယ်။ အခုလည်း Instagram Post တွေအတွက် အသုံးဝင်တဲ့ Pinned Comments Feature အသစ်ကို လူတိုင်းအသုံးပြုနိုင်အောင် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Instagram ဟာ အဆိုပါ Feature ကို ပြီးခဲ့တဲ့ မေလကတည်းက Comment Filtering Tool အသစ်နဲ့အတူ စမ်းသပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာ Instagram App ကို အသုံးပြုနေတဲ့ iOS နဲ့ Android User အကုန်လုံးအနေနဲ့ အသုံးပြုနေနိုင်ပါပြီ။

ယခု Pinned Comment Feature ကို အသုံးပြုချင်တယ်ဆိုရင် ပုံမှန် Comment တွေဘေးက Reply အပြင် Pin Option အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ Pin Option ကို ရွေးချယ်လိုက်တာနဲ့ Comment ကို Post ရဲ့ ထိပ်ဆုံးမှာ Pinned Comment အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

Pinned Comment Feature ဟာ Facebook အတွက်ကတော့ ယခင်ကတည်းကရရှိနေတဲ့ Feature တစ်ခုဖြစ်ပြီး အခုလိုမျိုး Instagram မှာပါအသုံးပြုလာနိုင်တဲ့အတွက် ပိုပြီးအဆင်ပြေလာတယ်လို့ သတ်မှတ်ရမှာပါ။ နောက်ပိုင်းမှာလည်း Facebook ရဲ့ Feature တွေကို Instagram အတွက် ထပ်မံရရှိလာနိုင်ပါသေးတယ်။

Ref – Engadget