လုပ်ငန်းတစ်ခုမှာ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုတွေကို စီမံရတာ အချိန်ကုန်၊ စိတ်ပင်ပန်းနိုင်ပါတယ်။ ‘မို’ လို့ အတိုကောက်ခေါ်တဲ့ Modus Operandi Company Limited ရဲ့ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုတွေက ဒီကိစ္စတွေအတွက် ပေးနေရတဲ့ အချိန်တွေကို တစ်ဝက်လောက် လျှော့ချပေးနိုင်မယ်ဆိုရင်?

လုပ်ငန်းကြီးတွေနဲ့ အသုံးပြုသူတွေရဲ့ နေ့စဉ် ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုတွေကို လွယ်ကူသွားအောင် ကူညီပေးဖို့ ၂၀၂၀၊ ဒီဇင်ဘာမှာ ‘မို’ ကို စတင်ခဲ့ပြီး Shwe Bank နဲ့အတူ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်လိုင်စင်ဖြင့် လုပ်ကိုင်နေပါတယ်။ ‘မို’ရဲ့ ငွေကြေးဝန်ဆောင်မှုတွေကို အသုံးပြုပြီး သင့်လုပ်ငန်းအတွက် အကျိုးရှိ သွား မယ့် အချက် (၅) ချက်ကို ကြည့်လိုက်ရအောင်။

၁။ လွယ်ကူ၊ အလုပ်တွင်ကျယ်စွာနဲ့ စာရွက်တွေမလိုဘဲ လစာပေးနိုင်၊ ဝန်ထမ်းတွေက လစာငွေ ထုတ်ရတာ ပိုအဆင်ပြေလာ

‘မို’ က နယ်ပယ်စုံမှာရှိတဲ့ ကုမ္ပဏီတွေအတွက် ဝန်ထမ်းလစာ ထုတ်ပေးရာမှာ ချောမွေ့မြန်ဆန်စေမယ့် ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခု ပေးအပ်လိုက်ပါပြီ။ ဝန်ထမ်းအားလုံးအတွက် လစာပေးတဲ့ ‘မို’ ရဲ့စနစ်ကို အသုံးပြုရုံနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ခလစာ ထုတ်ပေးရာမှာ သက်ဆိုင်တဲ့ အချက်အလက်တွေကို အလွယ်တကူ ပြင်ဆင်နိုင်ပြီး အချိန်ကုန်၊ ငွေကုန် သက်သာလာတာ တွေ့ရမှာပါ။

ဆောင်ရွက်ပုံအဆင့်ဆင့် – MO Business ပလက်ဖောင်းနဲ့ ချိတ်ဆက် ⮕ MO business အကောင့်မှာ ငွေထည့် ⮕ ဝန်ထမ်းအချက်အလက်ကို ပလက်ဖောင်းမှာတင် ⮕ ဝန်ထမ်းအများကြီးအတွက် ငွေသားမဲ့စနစ်နဲ့ တစ်ခါတည်း လစာထုတ်ပေးနိုင်

ကုမ္ပဏီတွေက ဝန်ထမ်းတွေရဲ့ MoMoney Mobile Wallet (သို့) ဖုန်းနံပါတ်ကို လစာလွှဲပေးနိုင်ပြီး ဝန်ထမ်းတွေက ရန်ကုန်၊ မန္တလေးနဲ့ မွန်ပြည်နယ်မှာရှိတဲ့ MoMoney အေးဂျင့်ပေါင်း ၅,၀၀၀ ကျော်ထံမှာ အလွယ်တကူ လစာ ထုတ်ယူနိုင်ပါတယ်။ လစာပေးဖို့ ဘဏ်တွေ၊ ငွေသားလဲပေးတဲ့ နေရာတွေမှာ တန်းစီနေစရာ မလိုတော့ပါဘူး။

၂။ လစာ ‘ကြိုထုတ်’နိုင်လို့ ဝန်ထမ်းတွေ ငွေရေးကြေးရေး ပိုစိတ်အေးရ

မိုရဲ့ ခေတ်မီဆန်းသစ်တဲ့ လစာပေးစနစ်က လစာကြိုထုတ်ခွင့် (EWA – Earned Wages Access) ကိုပါ ထည့်ပေးထားပါတယ်။ ဒါ့ကြောင့် ကိုယ့်ကုမ္ပဏီ ဝန်ထမ်းတွေ လစာထုတ်ရက်မတိုင်ခင် လုပ်ခလစာထဲကနေပြီး ကြိုထုတ်လို့ရအောင် လုပ်ပေးနိုင်ပါတယ်။ ‘ကြိုထုတ်’ လို့ခေါ်တဲ့ EWA ဝန်ဆောင်မှုကြောင့် ကိုယ့်ဝန်ထမ်းတွေ အသုံးစရိတ်ပြတ်သွားရင်၊ အရေးပေါ်ငွေလိုရင် လစာကြိုထုတ်ခွင့် ပေးနိုင်တာကြောင့် ငွေရေးကြေးရေးအတွက် ပိုပြီး စိတ်အေးနိုင်ကြမှာပါ။

ဆောင်ရွက်ပုံအဆင့်ဆင့် – ဝန်ထမ်းက သတ်မှတ်ရက် မတိုင်မီ (ဥပမာ – လစဉ် ၁၅ ရက်နေ့) EWA လျှောက်လွှာတင် ⮕ MoMoney အကောင့်ထဲက ‘ကြိုထုတ်’ လုပ်ဆောင်ချက်နဲ့ EWA လစာငွေ ကြိုထုတ်ခွင့်တောင်း ⮕ ကြိုထုတ်တဲ့ငွေက ဝန်ထမ်းရဲ့ MoMoney အကောင့်ထဲ ချက်ချင်းဝင်

၃။ နေ့စဉ် ငွေကြေးဆိုင်ရာလုပ်ဆောင်မှုတွေအတွက် ‘မို’ရဲ့ ငွေကြေးဝန်ဆောင်မှု ဂေဟစနစ်ကြီးမှာ ပါဝင်လိုက်ပါ

လစာပေးဖို့နဲ့ လစာကြိုထုတ်နိုင်တဲ့ ဝန်ဆောင်မှုတွေအပြင် ‘မို’က သင့်လုပ်ငန်းကို ပိုပြီး အလုပ်တွင်ကျယ်အောင် ကူညီမယ့် ငွေကြေးဝန်ဆောင်မှု အစုံအလင် ပေးအပ်ထားပါတယ်။ တစ်ချိန်တည်းမှာ ဝန်ထမ်းတွေကလည်း MoMoney Mobile Wallet နဲ့ နေ့စဉ် ငွေကြေးဆိုင်ရာလုပ်ဆောင်မှုတွေကို အလွယ်တကူ ဆောင်ရွက်နိုင်မှာပါ။

MO Business

– ချေးငွေထုတ်ပေးခြင်း

– လစာပေးခြင်း

– ကျသင့်ငွေကောက်ခံခြင်း

MoMoney ကို ဝန်ဆောင်မှုပေါင်း ၆၅ ခုကျော်မှာ အသုံးပြုနိုင်

– ဘဏ်ငွေလွှဲ – ပြည်တွင်းဘဏ်ကြီး ၅ ဘဏ်

– ငွေလွှဲ – MoMoney အကောင့်အချင်းချင်း

– ငွေသွင်း – အေးဂျင့်၊ ဘဏ်အကောင့်၊ ကတ်အားလုံး

– ဘေလ်ပေးဆောင် – အသုံးပြုခ၊ ချေးငွေ၊ အင်တာနက်

– ဝယ်ယူ – ဂိမ်း၊ ဖျော်ဖြေရေး၊ ဒေတာပတ်ကေ့ခ်ျ၊ ဖုန်းဘေလ်ဖြည့်

၄။ လုံခြုံစိတ်ချရတဲ့ ‘မို’ ရဲ့ ပလက်ဖောင်းမှာ စိတ်ချလက်ချ ငွေကြေးကိစ္စ လုပ်ဆောင်နိုင်

ငွေရေးကြေးရေးနဲ့ ငွေပေးချေမှုဆိုင်ရာ လိမ်လည်မှုတွေ ပိုများ၊ ပိုရှုပ်ထွေးလာတာကို ကာကွယ်ဖို့ ကိုယ်ရေးအချက်အလက်နဲ့ ဒေတာလုံခြုံရေးမှာ အဆင့်အမြင့်ဆုံး ခိုင်ခံ့၊ စိတ်ချရတဲ့ နည်းပညာ ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ AWS Cloud ပေါ်မှာ ‘မို’ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး ပလက်ဖောင်းတွေကို အလုပ်လုပ်စေပါတယ်။

၅။ မိတ်ဖက်အဖြစ် ‘မို’အဖွဲ့နဲ့ ချိတ်ဆက်ပြီး အကူအညီရယူနိုင်

မိတ်ဖက်တွေနဲ့လုပ်ကိုင်တဲ့ပုံစံက လုပ်ငန်းတွေရဲ့ နေ့စဉ် ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုတွေကို လွယ်ကူ၊ ချောမွေ့စွာ ပြီးစီးသွားဖို့ ကူညီပေးနိုင်တယ်လို့ ‘မို’ က ယုံကြည်ထားပါတယ်။ ‘မို’ ရဲ့ customer တစ်ဦးချင်းမှာ ပလက်ဖောင်းနဲ့ ချိတ်ဆက်ပေးဖို့၊ နေ့စဉ် ပံ့ပိုးပေးဖို့ သီးသန့်တာဝန်ပေးထားတဲ့ အကောင့်မန်နေဂျာ ရှိမှာပါ။ အရေးပေါ် လိုအပ်ရင် ကူညီပေးဖို့ ‘မို’ ရဲ့ customer care အဖွဲ့ကလည်း အချိန်မရွေး ဆက်သွယ်နိုင်အောင် အသင့်ရှိနေပါတယ်။

‘မို’ က သင့်လုပ်ငန်းရဲ့ ငွေရေးကြေးရေး ဆောင်ရွက်ချက်တွေကို ပိုအဆင်ပြေလာအောင် ဘယ်လိုကူညီပေးနိုင်လဲ ဆိုတာ လေ့လာဖို့ ဖုန်း – ၀၁ ၄၇၀၅၅၁၁| အီးမေးလ် – [email protected]| Facebook: MoMoney | LinkedIn: MO | Viber Community: MoMoney ကို ဆက်သွယ်နိုင်ပါတယ်။

ရှင်းလင်းချက် – ဆောင်းပါးတွင် ဖော်ပြထားသော ‘မို’ ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များမှာ ‘မို’ အား အသုံးချနိုင်မှုစံနှုန်းနှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ စည်းမျဉ်းသတ်မှတ်ချက်များအရ ဖော်ပြထားသော ယေဘုယျ အချက်လက်မျှသာ ဖြစ်ပါသည်။