Cryptocurrency ပူပေါင်းပေါက်ကွဲမှုကြောင့် Bitcoin ရဲ့တန်ဖိုးဟာ ဒီ ၂၀၂၂ ခုနှစ်ထဲမှာ $30,000 အောက်အထိ ကျဆင်းသွားဖွယ်ရှိတယ်လို့ Asset စီမံခန့်ခွဲမှုကုမ္ပဏီကြီးဖြစ်တဲ့ Invesco က ခန့်မှန်းပြောဆိုလိုက်ပါတယ်။ အမေရိကန် Asset စီမံခန့်ခွဲမှုကုမ္ပဏီကြီးက “မျှော်လင့်မထားပေမဲ့ ဖြစ်လာနိုင်တယ်” လို့ ဆိုထားတာ ဖြစ်ပါတယ်။

Bitcoin တစ်ဝိုက် ကြီးမားတဲ့ ဈေးကွက်ချဲ့ထွင်မှုဟာ ၁၉၂၉ ခုနှစ် စတော့ဈေးကွက်ပြိုကွဲမှုမတိုင်မီ စတော့ပွဲစားတွေရဲ့ လှုပ်ရှားမှုကို အမှတ်ရစေတယ်လို့ Invesco ရဲ့ Strategist Paul Jackson က ဆိုပါတယ်။ “Bitcoin ကို $30,000 အောက်ကျသွားမယ်လို့ တွေးကြည့်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး” လို့ Paul က ပြောပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေက အနည်းဆုံး ၃၀% မှာရှိနေတယ်လို့လည်း သူကယုံကြည်နေပါတယ်။

အစီရင်ခံစာမှာ Bitcoin ကို ငွေကြေးဆိုင်ရာ စွဲလမ်းရူးသွပ်ခြင်းတစ်ခုအဖြစ် ရှုမြင်နိုင်ပြီး ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်လာလိမ့်မယ်လို့ ရေ:သားထားတာ ဖြစ်ပါတယ်။ “ဘဏ္ဍာရေးအရ ရူးသွပ်မှုအထွတ်အထိပ်ရောက်ပြီးတဲ့နောက် ၁၂ လအတွင်း Asset ဈေးနှုန်းတွေဟာ ၄၅% အထိ ကျသွားနိုင်ပါတယ်။” လို့ Paul က ပြောဆိုထားတာပါ။

ဒီအတိုင်းအမှန်သာဖြစ်လာမယ်ဆိုရင် Bitcoin ဟာ ဒီနှစ်အောက်တိုဘာလမှာ $34,000 နဲ့ $37,000 ကြားအထိ ကျဆင်းသွားမဲ့အရေး ကြုံလာရဖွယ်ရှိနေတာပါ။ Paul Jackson ကတော့ အကြီးအကျယ်ကျဆင်းမှုဟာ လုံးဝဖြစ်နိုင်တယ်လို့ ယုံကြည်နေပြီး Bitcoin ကလည်း $30,000 အောက်အထိ ကျဆင်းသွားနိုင်တယ်လို့ ယုံကြည်နေတာပါ။

ဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံသူတွေဟာ Cryptocurrencies ရဲ့ အနာဂတ်အတွက် ပိုပြီးတော့ စိုးရိမ်လာကြတာကိုလည်း တွေ့မြင်လာရပါတယ်။

Ref: LockMeta