Apple ရဲ့ နောက်ဆုံးထုတ် iPhone 13 Pro နဲ့ 13 Pro Max တို့မှာ 120Hz ProMotion မျက်နှာပြင်တွေ ထည့်သွင်းထားပေမယ့် App တချို့မှာပဲ 120 Frames Per Second ကို အသုံးပြုနိုင်ပြီး App အားလုံးမှာ အသုံးပြုလို့ မရပါဘူး။ အခုတော့ ဒါဟာ ပြောင်းလဲလာတော့မှာ ဖြစ်ပါတယ်။ နောက်ထွက်မယ့် iOS 15.4  Software မှာ Apple ဟာ App အားလုံးမှာ 120Hz Refresh Rate ကို ထောက်ပံ့အောင် ပြုလုပ်ပေးထားမှာ ဖြစ်ပြီး iOS 15.4 ဟာ Beta အနေနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။

iOS 15.4 Beta မှာ 120Hz Refresh Rate ကို App အားလုံးမှာ ထောက်ပံ့မယ့် သတင်းကို Developer ၁ ယောက်က ပြောလိုက်တာ ဖြစ်ပြီး သူက Apple ကုမ္ပဏီမှ တစ်စုံတစ်ယောက်ဆီက အဲဒီ သတင်းရတာလို့ ပြောပါတယ်။ သူက သက်သေပြတဲ့ အနေနဲ့ Screenshot ၁ ပုံကို တင်ထားပါတယ်။

All apps in iOS 15.4 beta now supports a 120Hz refresh rate

Twitter မှာ သူက “ Apple ကုမ္ပဏီမှ တစ်စုံတစ်ယောက်ကနေ သတင်းစကား ၁ ခု ရခဲ့ပါတယ်။ iOS 15.4 Beta မှာ 120Hz Animations ကို ထောက်ပံ့တဲ့ iPhone တွေက App အားလုံးမှာ အလိုအလျှောက် ရရှိကြမှာ ဖြစ်ပါတယ်။ ကျွန်တော် အတည်ပြုပြီးပါပြီ။ “ လို့ Screenshot နဲ့အတူ ပို့စ်တင်ထားပါတယ်။

Apple ဟာ Animations တွေကို 60 fps ထက်ကျော်ပြီး မပြသနိုင်တဲ့ Core Animation Bug ကို ပြင်ဆင်နိုင်ခဲ့ပြီလို့ ထင်ရပါတယ်။ App အားလုံးဟာ 120 fps နဲ့ Run နိုင်မလား၊ Developer တွေက သူတို့ရဲ့ App တွေမှာ ဒီလို Run နိုင်အောင် ပြင်ဆင်ပေးရမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena