Apple က iOS 15 , iPadOS 15 နဲ့ watchOS 8 ကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။ iOS 15 နဲ့ iPadOS 15 မှာ စိတ်ဝင်စားစရာ လုပ်ဆောင်ချက် အသစ်တွေ ပါလာပြီး အမိုက်ဆုံး ၁ ခုက Notification Filtering ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို Focus လို့ နာမည်ပေးထားပြီး Notification တွေကို စီမံခန့်ခွဲနိုင်ပါတယ်။ App နဲ့ လူတွေဆီက Notification တွေကို Block လုပ်ထားနိုင်ပြီး Profile  တွေကို ကြိုတင်သတ်မှတ်ထားနိုင်ပါတယ်။

iOS 15 goes live on September 20 along with iPadOS 15 and watchOS 8

FaceTime မှာ Spatial Audio နဲ့ Noise Reduction ပါလာတဲ့အတွက် Video Call ပြုလုပ်နေချိန်မှာ ပတ်ဝန်းကျင်က မလိုလားအပ်တဲ့ ဆူညံသံတွေကို ဖျောက်ပေးနိုင်ပါတယ်။ Messages မှာ ဓါတ်ပုံ၊ သီချင်း၊ လင့်တွေကို ရှာဖွေနိုင်ပါတယ်။

Live Text က ကင်မရာကို အသုံးပြုကာ ဓါတ်ပုံတွေက စာသားတွေကို Scan လုပ်ပေးနိုင်ပြီး စာသားတွေကို ကော်ပီ လုပ်ပေးနိုင်လာပါတယ်။ အဲဒီလုပ်ဆောင်ချက်က အထင်ကရ အဆောက်အဦးတွေ၊ သစ်ပင်တွေ၊ တိရိစ္ဆာန်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး Google Lens လိုမျိုး ဖြစ်ပါတယ်။ SmartPlay က ကလေးသူငယ်တွေအတွက် မသင့်တော်တဲ့ ရုပ်ပုံတွေကို ဓါတ်ပုံတွေကနေ ရှာဖွေပေးနိုင်ပါတယ်။

iOS 15 goes live on September 20 along with iPadOS 15 and watchOS 8

iPadOS 15 မှာ Multitasking စွမ်းရည် ပိုကောင်းလာပြီး Split View ကိုလည်း လွယ်လွယ်ကူကူ အသုံးပြုလို့ရလာပါတယ်။

ref : gsmarena