Apple ဟာ လာမယ့် ဇွန်လအတွင်းမှာ WWDC Keynote Event ကို ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါ WWDC Event ဟာ ပုံမှန်အားဖြင့် Apple iPhone တွေအတွက် iOS Version အသစ်ကို မိတ်ဆက်နေကြလည်းဖြစ်ပါတယ်။

ဒါကြောင့် ယခုနှစ်မှာ Apple ကနေ iOS 17 ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်သလို သတင်းတွေအရ User Interface (UI) ပိုင်းကို အဓိကပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။ နောက်ဆုံးသိရှိရတဲ့သတင်းတစ်ခုအရ Apple ဟာ iOS 17 မှာ iPhone တွေအတွက် Control Center ကို မတူညီအောင် ထပ်မံပြောင်းလဲသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

iPhone တွေအတွက် Control Center ဟာ Android ဖုန်းတွေရဲ့ Notification Panel မှာပါဝင်တဲ့ Quick Setting Menu နဲ့ တူညီပြီး Wi-Fi ၊​ Bluetooth ၊ Brightness ၊ Volume Control အပြင် တခြားသော Control တွေကို တစ်နေရာတည်းမှာ အသုံးပြုနိုင်စေတာဖြစ်ပါတယ်။​

Apple ဟာ Control Center နဲ့ ပတ်သက်ပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှုက လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက iOS 11 မှာပဲဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး အချိန် ၅ နှစ်အကြာမှာ ထပ်မံပြောင်းလဲတာက ဖြစ်နိုင်ခြေများနေပါတယ်။

Ref – Gizmo China