Apple က WWDC 2025 ပွဲမှာ iOS 26 ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ iOS 26 မှာ ဒီဇိုင်းကို ကြီးကြီးမားမားပြောင်းလဲထားပြီး Feature အသစ်တွေလည်း ပါလာပါတယ်။ တခြား Feature အဟောင်းတွေလည်း ပိုကောင်းအောင်လုပ်ထားပါတယ်။
iOS 26 ကို အောက်ပါ iPhone တွေမှာ ရရှိနိုင်မှာဖြစ်ပါတယ်။
iPhone 16, iPhone 16 Plus, iPhone 16 Pro, iPhone 16 Pro Max, iPhone 16e, iPhone 15, iPhone 15 Plus, iPhone 15 Pro, iPhone 15 Pro Max, iPhone 14, iPhone 14 Plus, iPhone 14 Pro, iPhone 14 Pro Max, iPhone 13, iPhone 13 mini, iPhone 13 Pro, iPhone 13 Pro Max, iPhone 12, iPhone 12 mini, iPhone 12 Pro, iPhone 12 Pro Max, iPhone 11, iPhone 11 Pro, iPhone 11 Pro Max, iPhone SE (2020), နဲ့ iPhone SE (2022)။
စက်တင်ဘာလမှာ iOS 26 ကို ဖြန့်ချိပေးမှာ ဖြစ်ပြီး အဲဒီမတိုင်ခင် စောစောသုံးကြည့်ချင်တယ်ဆိုရင်တော့ iOS 26 beta version တွေကို install လုပ်ပြီး စမ်းသုံးနိုင်မှာပါ။
ဒါ့အပြင် ဒီနှစ်ထဲ ထွက်ရှိလာမယ့် iPhone 17 series တွေမှာ iOS 26 ပါလာမှာ သေချာသလောက်ပါပဲ။
iOS 26 ကို မရတော့တဲ့ iPhone တွေ
iPhone အများအပြားက iOS 26 ကို သုံးနိုင်ပေမဲ့ Apple ဟာ iPhone XS, iPhone XS Max, နဲ့ iPhone XR တို့အတွက်တော့ မထုတ်ပေးတော့ပါဘူး။ ဒါကြောင့် ဒီဖုန်းတွေဟာ မနှစ်ကထွက်ခဲ့တဲ့ ဆော့ဖ်ဝဲဖြစ်တဲ့ iOS 18 နဲ့ပဲနှစ်ပါးသွားရတော့မှာပါ။
ref : Tech Radar