Apple က iPad (2025) ကို ကြေညာလိုက်ပြီး ၂၀၂၂ ခုနှစ်ထုတ် မော်ဒယ်နဲ့ အခြေခံ ဒီဇိုင်း တူညီပါတယ်။

iPad (2025) debuts with A16 chip and no Apple Intelligence

iPad (2025) မှာ iPhone 14 Pro Series မှာ ၂၀၂၂ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Apple A16 Version တစ်မျိုး ထည့်သွင်းထားပါတယ်။ iPad (2025) မှာ ပါတဲ့ A16 မှာ CPU နဲ့ GPU Core တစ်လုံးလျော့နည်းပါတယ်။ Apple က RAM ပမာဏကို မပြောပေမယ့် Apple Intelligence မပါဘူးလို့ ပြောပါတယ်။ 8GB RAM အောက်ပဲ ပါမယ်လို့ ထင်ရပါတယ်။ Base Storage က 128GB ဖြစ်ပြီး အရင်မျိုးဆက် iPad ရဲ့ 64GB ထက်ပိုများလာပါတယ်။

Apple's basic iPad now has a faster chip and more storage as standard -  HardwareZone.com.sg

နောက်အသစ်တစ်ခု ပါလာတာက Bluetooth 5.3 ဖြစ်ပြီး အရင် မော်ဒယ်ရဲ့ 5.2 ထက် ပိုကောင်းလာပါတယ်။ တခြား Specs တွေကို ပြောရရင် 11” 60Hz IPS LCD Liquid Retina Display ၊ 12MP ကင်မရာ ၂ လုံးနဲ့ ပါဝါခလုတ်မှာ ထည့်ထားတဲ့ Touch ID Sensor တွေ ဖြစ်ပါတယ်။

iPad (2025) အတွက် Silver, Blue, Pink နဲ့ Yellow အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 128GB WiFi Only Base Model ကို ၃၄၉ ဒေါ်လာနဲ့ ဆယ်လူလာ ဆက်သွယ်မှု ပါတဲ့ မော်ဒယ်ကို ၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မတ်လ ၁၂ ရက်နေ့ စတင် ရောင်းချမှာပါ။

ref : gsmarena