ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းက Apple နဲ့ပတ်သက်တဲ့သတင်းတွေကို ခန့်မှန်းနေကျ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ iPad အသစ်တွေက ယခုနှစ်အတွက်ပြောင်းလဲမှု အများအပြားရှိလာမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

Apple ဟာ ၂၀၂၀ ဒုတိယနှစ်ဝက်ပိုင်းမှာ iPad Air 2020 အသစ်ကို မိတ်ဆက်လာမှာလည်းဖြစ်ပါတယ်။ အခုအချိန်မှာလည်း အဆိုပါ iPad Air 2020 နဲ့ပတ်သက်ပြီး သတင်းတွေအပြင် စျေးနှုန်းပါပေါက်ကြားလာပါပြီ။

ယခုသတင်းကို Taiwanese Supplier တွေကနေ ဖော်ပြခဲ့တာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ iPad Air 2019 ရဲ့ စျေးနှုန်းဖြစ်တဲ့ $499 ထက်တောင် ပိုစျေးသက်သာနေဦးမှာဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့မေလတုန်းက မိတ်ဆက်ခဲ့တဲ့ iPhone SE ရဲ့ Strategy အတိုင်းပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး စျေးပိုသက်သာမှာဖြစ်ပေမယ့် iPad Air 2020 ဟာ A13 Bionic Chip ပါဝင်လာမှာဖြစ်တဲ့အပြင် Display Size ကလည်း 10.8″ အထိ တိုးမြှင့်ထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Pro Series မဟုတ်တဲ့ iPad Series တွေထဲမှာ ပထမဆုံးအနေနဲ့ USB-C ကို အသုံးပြုလာမယ်လို့လည်း သိရပါတယ်။

Apple iPad Air 2020 ဟာ Apple Pencil Second Generation ကိုပါ Support ပြုလုပ်မှာဖြစ်သလို TrackPad ပါဝင်တဲ့ Keyboard အသစ်ကိုပါ မိတ်ဆက်လာနိုင်ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ 20W Fast Charger ကိုပါ ပထမဆုံးအသုံးပြုလာမယ့် Apple Device တွေလည်း ဖြစ်လာဦးမှာပါ။

ဘာပဲဖြစ်ဖြစ် စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Tablet တစ်လုံးကို ဝယ်ယူချင်တယ်ဆိုရင်တော့ iPad Air 2020 က စောင့်ဆိုင်းသင့်နေပြီလို့တောင် ပြောလို့ရပါတယ်။

Ref – Giz China