Apple က 11” နဲ့ 13” iPad Air (2024) ကို ကြေညာလိုက်ပြီး 60Hz IPS LCD Liquid Retina Display တပ်ဆင်ထားပါတယ်။ 11” မော်ဒယ်မှာ 2360x1640p Resolution နဲ့ 500 Nits Peak Brightness ထောက်ပံံထားပါတယ်။ 13” မော်ဒယ်မှာ 2732x2048p Resolution နဲ့ 600 Nits Brightness ပါပါတယ်။

iPad Air (2024) comes in 11” and 13” sizes with M2 chip and landscape front cam

ဒီဇိုင်းက iPad Air (2022) နဲ့ ဆင်တူပေမယ့် 12MP အရှေ့ ကင်မရာကို အလျားလိုက် ဘောင်မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12MP ကင်မရာ ပါပါတယ်။

iPad Air (2024) color optionsiPad Air (2024) color options

မော်ဒယ်အသစ်တွေမှာ Apple M2 Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Base Storage ပါပါတယ်။ TouchID ကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပြီး Apple Magic Keyboard , Apple Pencil Pro နဲ့ တွဲသုံးနိုင်ပါတယ်။

WiFi 6E အသုံးပြုနိုင်ပြီး ဆယ်လ်လူလာ မော်ဒယ်မှာ eSIM ကနေ 5G သုံးနိုင်ပါတယ်။ iPad OS 17.4 Software မောင်းနှင်ထားပါတယ်။ Space Gray, Starlight, Purple နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 11” မော်ဒယ်ရဲ့ 128GB WiFi Version ဟာ ၅၉၉ ဒေါ်လာကစပြီး 13” မော်ဒယ်က ၇၉၉ ဒေါ်လာက စပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး အမေရိကန်မှာ နောက်တစ်ပတ် ရောင်းမှာပါ။

Ref : gsmarena